နေမျိုးအောင်တို့ ဇနီးမောင်နှံဟာဆိုရင် လူတိုင်း အားကျရတဲ့ ချစ်ကြည်နူးဖွယ် ပုံရိပ်လေးတွေကို အမြဲတမ်း ဝေမျှပေးနေတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ နေမျိုးအောင်ကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေက သိရှိခဲ့ကြသလို သူ့ရဲ့ ဇနီး ကိုလည်း ဟင်းချက် လက်ရာတွေ ဝေမျှရင်း အာဗြဲစိန်လို့ လူတွေ သိလာခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေမျိုးအောင်တို့ ဇနီးမောင်နှံက မြန်မာ့ရုပ်ကြီးစင် အမြင့်သဘင်ကို တွဲဖက် ပုံဖော်ခဲ့ကြပါတယ်။



မြန်မာ့သဘင်မှာ ရုပ်ကြီးစင်နဲ့ ရုပ်သေးစင်ဆိုပြီး ရှိတဲ့ အလျောက် နေမျိုးအောင်တို့ ဇနီးမောင်နှံ ပုံဖော်ခဲ့ကြတဲ့ ပုံရိပ်လေးတွေက အမြင့်သဘင် ရုပ်ကြီးစင် ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ ပုံရိပ်လေးတွေက မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပုံစံကို သေသေချာချာ လေးလေးနက်နက်လေး ဖော်ညွှန်းနေပြီး အရမ်းကို လှပလွန်းပါတယ် ။


မြန်မာ့ ရုပ်ကြီးစင် အမြင့်သဘင်ဆိုတာ ဒီလိုပါလားလို့ ပြောရလောက်အောင် မိမိုက်လှပနေတဲ့ နေမျိုးအောင်တို့ ဇနီးမောင်နှံရဲ့ မြန်မာ့ရုပ်ကြီးစင် အမြင့်သဘင် ပုံရိပ်လေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။