ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နော်ဖော်အယ်ထားဟာဆိုရင်တော့ လက်ရှိမှာ အဆိုတော်လွှမ်းပိုင်နဲ့အတူ ရင်ထဲကဒဏ္ဍာရီ ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲကို Channel K ကနေ စနေ၊ တနင်္ဂနွေနေ့ ည (၇) နာရီအချိန်တွေမှာ ပြသသွားမှာဖြစ်ပြီး၊ စတင်ပြသမယ့်ရက်ကိုတော့ Channel K မှ ထပ်မံကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

အပြစ်ပြောဖွယ်ရာ မရှိတဲ့ အလှတရားတွေနဲ့ နော်ဖော်အယ်ထားဟာ အဲ့ဒီဇာတ်လမ်းတွဲအသစ်မှာ ဆရာမလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးရေးအတွက် ခရီးထွက်နေစဉ်မှာပဲ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် သူ့ဓာတ်ပုံသစ်လေးတွေကို ဝေမျှလာတာပဲဖြစ်ပါတယ်။

နော်ဖော်အယ်ထားဟာဆိုရင် မော်ဒယ်လောကကနေ အနုပညာကို ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်ထိလည်း အောင်မြင်မှုသရဖူဆောင်းထားတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

နော်ဖော်ရဲ့ ပရိတ်သတ်တွေလည်း ခုဝေမျှထားတဲ့ ပုံသစ်လေးတွေကို ကြည့်ရှုခံစားရင်းနဲ့ မကြာခင်ထွက်ရှိလာမယ့် နော်ဖော်ရဲ့ ‘ရင်ထဲက ဒဏ္ဍာရီ’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို အားပေးလိုက်ကြပါဦးနော်။
source - NAW PHAW EH HTAR





