90's Kid တော်တော်များများရဲ့ ငယ်ဘဝ မှာ အချစ်တော်ကာတွန်းဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ဖူးတဲ့ ရွှေဂေါင်းပြောင် နဲ့ ဒေစီတုံးကာတွန်းလေးတွေကို မှတ်မိကြသေးမယ်ဆိုရင်တော့ ဂျေဒီကာတွန်းလေးတွေရဲ့ ဖန်တီးရှင် ကာတွန်း ဆရာအောင်အောင် ကိုမေ့ထားလို့မရပါဘူးနော်။

ဒီကနေ့ မေလ(၁၇)ရက်နေ့ဟာ ကလေးတို့အချစ်တော်ကာတွန်းဇာတ်ကောင်တွေဖြစ်ကြတဲ့ ရွှေဂေါင်းပြောင် နဲ့ ဒေစီတုံးရဲ့ ဖန်တီးရှင် ဖြစ်တဲ့ အနုပညာရှင် ကာတွန်းဆရာအောင်အောင် ရဲ့ (၇၈)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဒီကနေ့ကျရောက်လာတဲ့ (၇၈)နှစ်ပြည့် မွေးနေ့မှစကာ ဆရာကြီး သက်ရှည်ကျန်းမာပြီး လိုရာဆန္ဒပြည့်ဝပါစေ၊ ငယ်ဘဝကောင်းတွေကိုဖန်တီးပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။




