သရုပ်ဆောင်အလင်းရောင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးလို့ဆိုလောက်ရအောင်ကို ပရိသတ်တွေ အားပေးဝန်းရံခံထားရတဲ့ မင်းသားချောလေးတစ်ယောက်ဘဲ ဖြစ်ပါတယ်။ အလင်းရောင်က ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ယောက်ျားဆန်ပြီး ကျစ်လစ်တောင့်တင်းတဲ့ Body Structure ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


အလင်းရောင်ကတော့ First Love ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ခဲ့ရာကနေ လူသိများလာခဲ့တာပဲ ဖြစ်ပါတယ်။ အလင်းရောင်ကတော့ လက်ရှိမှာ အခြေအနေ အမျိုးမျိူးကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာဖြစ်ပြီး ပရိသတ်တွေနဲ့ ဝေးကွာနေတာပဲ ဖြစ်ပါတယ်။


အလင်းရောင်က သူရဲ့ ပရိသတ်တွေနဲ့ ချစ်ရတဲ့ သူတွေကို အရမ်းလွမ်းနေပြီဆိုပြီး ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ အလင်ရောင်က သူရဲ့ပုံလေးနဲ့အတူ “ကိုယ်အရမ်းလွမ်းနေပီ … ” ဆိုပြီး သတိရနေကြောင်းကို ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အလွမ်းပြေအောင် အလင်းရောင်ရဲ့ ပုံလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။



Photo Credit & Source : ALINNYAUNG's FB Acc





