တည်ကြည်ချောမောခန့်ညားပြီး ယောကျာ်းပီသလွန်းတဲ့ ခန္ဓာကိုယ် ၊ ချိုမြိန်လှပတဲ့ အပြုံးချိုချို ၊ ကြည်ရွှန်းဝင်းလဲ့နေတဲ့အပြုံး အစရှိတာတွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုသိမ်းပိုက်ထားသူကတော့ မင်းသားချော ပိုင်တံခွန် ပါပဲ။


မင်းသားချောလေး ပိုင်တံခွန် ဟာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအဝှမ်းမှာပါ ကျော်ကြားနေတဲ့အပြင် ကမ္ဘာ့အချောဆုံးစာရင်းဝင်အထိပါလာနိုင်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။


ပိုင်တံခွန်ဟာ ယနေ့မေလ(၁၄)ရက်နေ့ ၊ ကဆုန်လပြည့်နေမှာ ပြုလုပ်ခဲ့တဲ့ ရွှေဘုန်းပွင့် အောင်ချမ်းသာဘုရား ထီးတော်တင်ပွဲ မှာ သူ့ကိုလာရောက်စောင့်စားနေတဲ့ ပရိတ်သတ်အများကြီးကြောင့်ပျော်ရွှင်နေခဲ့ပြီး " ပရိတ်သတ်တွေနဲ့ ရုတ်တရက်တွေ့တဲ့အခါ စကားအများကြီးပြောပြချင်တယ်...ကျနော်မပြောတတ်လို့" လို့လည်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာရေးသားခဲ့ပါသေးတယ်။ ပရိတ်သတ်ကို သိပ်တန်ဖိုးထားတဲ့ ကိုပိုင် ဒီ့ထက်အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။








