ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိသားစုဝင် ၃ ဦးအတွက်သီဆိုထားတဲ့သီချင်းလေးဝေမျှပေးလာတဲ့ အဆို​တော် ဗီဗာဟိန်း

//s9.kh1.co/76/76509cb19248f44bec23c66b4bd0bcfd218bafae.jpeg
အနုပညာရှင်များ

 ၁၄-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မိသားစုဝင် ၃ ဦးအတွက်သီဆိုထားတဲ့သီချင်းလေးဝေမျှပေးလာတဲ့ အဆို​တော် ဗီဗာဟိန်း

အဆိုတော် ဗီဗာဟိန်းဟာဆိုရင် အသံ ပါဝါအားကောင်းကောင်းနဲ့သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိတဲ့ သူဖြစ်ပါတယ်။အဆိုတော် ဗီဗာဟိန်းဟာ နိုင်ငံကျော် အဆိုတော်ကြီးတွေဖြစ်တဲ့ ဦး ဗိုဟိန်း နဲ့ အဒေါ်ဘိုမတို့ရဲ့ သမီး ဖြစ်ပြီး ဖခင်ကြီးနဲ့ မိခင်ကြီးတို့ ဆီကအနုပညာ ပါရမီတွေ အပြည့်အဝ ရထားတဲ့ သူလေး ဖြစ်ပါတယ်။ 

Photo Credit to original uploader 
Photo Credit to original uploader 

အဆိုတော်ဗီဗာဟိန်းရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ အဖေ ၊ အမေ နဲ့ အစ်ကို တို့အားလုံးဟာ ကိုဗစ်တတိယ လှိုင်းမှာတစ်ပတ်အတွင်း ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ မိသားစုဝင်များအားလုံး တစ်ချိန်တည်းမှာ ဆုံးပါးသွားရတဲ့ ခံစားချက်က မိသားစုကို ချစ်တဲ့ ခင်တွယ်တဲ့ သူတွေ အဖို့ တကယ်ကို သွေးပျက် ခြောက်ခြားစရာ ဖြစ်စဉ်ကြီးတစ်ခုပါ။ 

Photo Credit to original uploader 
Photo Credit to original uploader 

ဗီဗာဟိန်းဟာ အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် သူမရဲ့ မိသားစုဝင်များ အားလုံး ဆုံးပါးသွားရတဲ့အပေါ်အင်တာဗျူးတွေ ဖြေပေးနေရပေမယ့် အင်တာဗျူးဖြေရတိုင်း ငိုရလွန်းလို့ သူမကို ဆက်ပြီး မမေးတော့ဖို့တောင်းပန်ခဲ့ရတဲ့အထိ နာကြင်ခဲ့ရတဲ့ သူလေး ဖြစ်ပါတယ်။ 

VVHein’s FaceBook
VVHein’s FaceBook

ဒီကနေ့မှာ ဗီဗာဟိန်းက သူမရဲ့ ထွက်ခွါသွားတဲ့ မိသားစုဝင်တွေ အကြောင်း သီဆိုထားတဲ့ သီချင်းလေးကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝေမျှပေးလာပါတယ်။ 

VVHein’s FaceBook<br>
VVHein’s FaceBook

မိသားစုဆိုတဲ့ ရှိနေတုန်းမှာ တန်ဖိုးထားပေးရမယ့် အရာဖြစ်ပြီး မရှိတော့မှ အရာအားလုံး ပုံပေးပြီး လဲခိုင်းလို့ မရကြောင်း ကို အဆိုတော် ဗီဗာဟိန်းမှ အခုလိုလေး ပြောထားပါတယ်။

“မိသားစုမဲ့??

တေးဆို -ဗီဗာဟိန်း

တေးရေး- ဟန်ထူးစျာန်

သီချင်းလေးကိုyoutubeမှာလဲတင်ပြီးပါပြီခုfbကနေတင်ပေးတာပါဗီဗာ့ဘဝရဲ့ဖြစ်ရပ်မှန်လေးကိုရင်နဲ့ရင်းပြီးထပ်တူရေးပေးတဲ့သူငယ်ချင်းဟန်ထူးစျာန်ကျေးဇူးအထူးတင်ပါတယ်ဗီဗာ့ဘဝရဲ့တစ်သက်လုံးအမှတ်တရသီချင်းလေးပါချစ်တဲ့ပရိသတ်များမိသားစုတွေကိုရှိတုန်းတန်ဖိုးထားချစ်ခင်ကြပါဆုံးရှုံးသွားမှအရာအားလုံးပုံပေးပြီးလဲခိုင်းလဲမရတော့ပါဘူးတစ်နေ့အားလုံးသေကွဲခွဲရမှာပါပဲအသက်ရှင်တုန်းလေးကိုယ်တန်ဖိုးထားချစ်ခင်တဲ့ချစ်ရတဲ့သူတွေနဲ့ချစ်ချစ်ခင်ခင်နေသွားကြပါနော်❤”

အဆိုတော် ဗီဗာဟိန်းရဲ့ သေကွဲကွဲခဲ့ရတဲ့ သူမချစ်ရတဲ့ မိသားစု အကြောင်းကို ရေးစပ်သီဆိုထားတဲ့ “မိသားစုမဲ့” ဆိုတဲ့ သီချင်းလေးကို ခံစားနားဆင်သွားကြပါဦးနော်။ 

YouTube 

သီချင်းလေးက ခံစားချက်တိုက်ဆိုင်သူ မပြောနဲ့ ခံ စားချက် မတိုက်ဆိုင်တဲ့သူတွေတောင် မျက်ရည်ပေါက်ပေါက်ကျတဲ့အထိကို ဝမ်းနည်းဖို့ ကောင်းတဲ့ သီချင်းလေး ဖြစ်ပါတယ်နော်..?

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T