သူမရဲ့မွေးနေ့လေးကို မမေ့နိုင်တဲ့နေ့တစ်နေ့လေးဖြစ်အောင် ဖန်တီးပေးကြတဲ့ သူတွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ မေတိုးခိုင်

//s9.kh1.co/10/10a7d135ac1955dfb3474ef58aea55c022444b3e.jpg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၂ ၉pm · လွန်ခဲ့သော တစ်နှစ် က

ချစ်ဖို့ကောင်းလွန်းတဲ့ ပကာသနမပါတဲ့မွေးနေ့ အမှတ်တရပုံရိပ်တွေ

သရုပ်ဆောင်မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ မေတိုးခိုင်ကတော့ နိုင်ငံကျော်အနုပညာရှင် အူဝဲရဲ့ တူမ ဖြစ်ပြီး 2018 မှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲမှာလည်း အကယ်ဒမီ ဗန်းကိုင်အဖြစ်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=868,q=100/09/09182405e9995fedcf62ade1dc1d5ccd3b4ea387.png
https://s9.kh1.co/__image/w=650,h=976,q=100/d1/d1ac71780636a968bd4642e7c485000bf8b794d2.png

မအူဝဲ နဲ့အတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်ရင်းကနေ ပရိသတ်ရင်ထဲကို ရောက်လာသူလေးလည်းဖြစ်ပါတယ်။ မေလ (၇) ရက်နေ့ကတော့ မေတိုးခိုင်ရဲ့ မွေးနေ့လေးဖြစ်ပြီး အဆိုပါမွေးနေ့လေးဟာ သူမဘဝအတွက် မမေ့နိုင်စရာအမှတ်တရလေးဖြစ်တဲ့အကြောင်းကို အခုလိုပဲဝေမျှလာပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/d2/d21d27e3bea427195604735612f165f1d8be880a.png
https://s9.kh1.co/__image/w=650,h=1034,q=100/3e/3e529913306e41371b4a2825f173e84dfa302f69.png

"Long overdue birthday post. အမှတ်တရလေးအဖြစ်ပုံလေးတွေစုပြီးတင်မယ်နော် ❤️

နောက်ထပ်မမေ့တော့မယ့်နေ့တစ်နေ့။ တစ်နေကုန် ပီတိဖြစ်စရာလေးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ မွေးနေ့။ ဖြစ်ချင်တာလုပ်ချင်တာ အမြဲဘေးကပါရမီဖြည့်ပေးတဲ့ ဖူးချစ်ရတဲ့သူတွေအားလုံးကျေးဇူးအရမ်းတင်ပါတယ်။ မွေးနေ့ကိုပို အမှတ်တရဖြစ်အောင်လုပ်ပေးတဲ့ ချစ်ရတဲ့ ဖူးရဲ့ Maykeys တွေကိုလည်းရင်ထဲကနေအရမ်းကျေးဇူးတင်ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/6a/6a2b9ad677a91bb5fcc0f25e55f6d0cec85af17f.png
https://s9.kh1.co/__image/w=650,h=976,q=100/6a/6a2b9ad677a91bb5fcc0f25e55f6d0cec85af17f.png
https://s9.kh1.co/__image/w=650,h=976,q=100/ae/aee6130d814cb1f3f49e54bb2089e983d92e1443.png

အလှူငွေ အလှူပစ္စည်းတွေ လှူပေးတဲ့သူတွေလည်းကျေးဇူးတင်ပါတယ်။ ထမင်းဘူးတွေစီစဉ်ပေးတဲ့ စေတနာအပြည့်နဲ့ အန်တီအေးသဇင် နဲ့ masterchef အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်။ အမြဲ အလှူဆိုပါဝင်အားဖြည့်ပေးတဲ့ sunkist ကိုလည်းကျေးဇူးတင်ပါတယ်။ မွေးနေ့ဆုတောင်းပေးကြသူအားလုံးလည်းကျေးဇူးတင်ပါတယ် တစ်ယောက်ချင်းဆီမပြန်နိုင်တာလည်းနားလည်ပေးပါနော်။

https://s9.kh1.co/__image/w=650,h=487,q=100/d5/d5231249eceb95917badcfc85775daed29645c22.png
https://s9.kh1.co/__image/w=650,h=425,q=100/64/645c4ee9b3bedb0374e674ba5c5606738fa62110.png

ဘဝရဲ့နောက်ဆုံးထွက်သက်အချိန်တစ်ခုအထိ လိုအပ်သူတွေကိုတစ်ထောင့်တစ်နေရာကနေကူညီနိုင်တဲ့လက်တစ်စုံဖြစ်ချင်ပါတယ် ??❤️" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/d8/d8412475c34d91049f21c3b4609a356e5f1b0c4b.png
https://s9.kh1.co/__image/w=650,h=867,q=100/da/daa0775ff830feb1494edba0f9fef87cfa8fcb87.png
https://s9.kh1.co/__image/w=650,h=867,q=100/6b/6b3690d1ed8db776500c343580fb6801ec613965.png
https://s9.kh1.co/__image/w=650,h=867,q=100/1d/1d558125469aa1b76ab8155b6b87d4c43c0360eb.png
https://s9.kh1.co/__image/w=650,h=867,q=100/43/4338f8b9c5f095cfa6d3020cc180674e091b9d73.png

Photo Credit & Source: May Toe Khine’s fb

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T