ယွန်းမြတ်သူကတော့ “အဆင်ပြေမနေပါဘူးသီချင်းနဲ့ ပရိသတ်ရှေ့ကို စတင်မိတ်ဆက်လာပြီးနောက်ထပ်ထွက်ရှိတဲ့ ”နင်လမ်းတွေ့ခဲ့ရင်” သီချင်းဟာဆိုရင်လည်း ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သည်ထိကိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။


ယွန်းမြတ်သူက မကြာသေးခင်ကပဲ ချစ်ရတဲ့သူနဲ့ လက်ထပ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ လာမယ့် မေလ (၁၆)ရက်နေ့လေးကတော့ ပိုပိုရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပြီး အဆိုတော်ယွန်းမြတ်သူကလည်း ပိုပိုအတွက် ကိုယ်စားမွေးနေ့အလှူလေးပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။


ယွန်းမြတ်သူကတော့ (၁၆)ရက်နေ့မှာ ကျရောက်မယ့် ပိုပိုရဲ့ မွေးနေ့အတွက် မွေးနေ့အလှူလေးအဖြစ် Kind Heart Dogs Rescue and Shelter ရန်ကုန်မှာရှိတဲ့ လမ်းဘေးလေလွင့်လေးတွေအတွက် အဟာရဒါနအလှူလေးလှူဒါန်းပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

မပိုပိုလည်း ၃၂နှစ် ပြည့်မွေးနေ့ကစပြီး အနှောင်အဖွဲ့ အကြပ်အတည်းက အမြန်လွတ်မြောက်ပျော်ရွှင်ကျန်းမာပါစေလို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ရပါတယ်။

Photo Credit & Source: Yoon Myat Thu's FB Acc