ပိုင်တံခွန်ဟာဆိုရင် အရပ်ရှည်ရှည် အသားဖြူဖြူ body အမိုက်စားနဲ့ မြန်မာတွင်သာမက အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်းဗီယက်နမ် တရုတ်စတဲ့နိုင်ငံတွေအပြင်ဥရောပနိုင်ငံတစ်ချိုကပရိတ်သတ်တွေပါအားပေးခံ ခဲ့ရတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။


ပိုင်တံခွန်ရဲ့ အကိုဖြစ်သူ နိုင်တံခွန်ရဲ့ ချစ်ဇနီးလေးက မနေ့ကပဲ သမီးလေးကို အောင်မြင်စွာမွေးဖွားလိုက်တာဖြစ်ပြီး သမီးလေးက ဖြူဥ လှပချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ လူ့လောကရောက်လာတဲ့ သမီးလေးကို အားလုံးက ဝိုင်းချစ်နေကြတာဖြစ်ပြီး ပိုင်တံခွန်ကလည်း တစ်ဦးတည်းသော တူမလေးကို ချစ်လွန်းလို့ လက်ပေါ်က မချနိုင်အောင်ကို ဖြစ်နေတာကာ အဖေနဲ့ အမေတောင် နာမည်မသေးရသေးခင် ပိုင်တံခွန်က "လွန်းသွေးဖြူ" လို့ ကိုယ်တိုင် နာမည်လေး ပေးလိုက်တာပဲ ဖြစ်ပါတယ်။


ပိုင်တံခွန်က တူမလေးကို သူနဲ့တူရင်တော့ အသက်ကြီးလာရင် ချောလိမ့်မယ်။ အဒေါ် မေချစ်သွေးနဲ့ တူရင်တော့ ရုပ်ဆိုးကြီး ဖြစ်လိမ့်မယ်ဆိုပြီး စနောက်နေတာပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Photo Credit & Source : Paing Takhon's FB Acc