ပိုင်တံခွန်ဆိုတဲ့ ပြည်သူချစ်အနုပညာရှင်မင်းသားလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်...

သူ့ရဲ့ အနုပညာနဲ့ သူ့ပရိတ်သတ်တွေအပေါ် အမြဲလေးစားတန်ဖိုးထားတဲ့ ကိုယ်ပိုင်တစ်ယောက် အမြဲအချစ်ခံနေရတာ အဆန်းတော့မဟုတ်ပါဘူး။

ဒါတင်မကပဲ ပိုင်တံခွန်တို့မိသားစုလေးဟာလည်းသိပ်ကို ချစ်ဖို့ကောင်းပြီးနွေးထွေးတဲ့မိသားစုလေးမလို့ အားလုံးကအားကျနေကြတာပါ။ မွေးချင်းတွေ အများကြီးရှိပေမယ့်လည်း တစ်ယောက်ယောက်နဲ့ တစ်ယောက်စည်းလုံးချစ်ခင်ကြတာ သူတို့မိသားစုလေးပါပဲ။

မကြာသေးခင်က ပိုင်တံခွန်အစ်ကိုဖြစ်သူ နိုင်တံခွန် ဆိုသူကလည်းအနုပညာလမ်းကြောင်းပေါ်ကို စတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးလက်ခံမှုကို စတင်ကြိုးစားရယူနေသူတစ်ဦးပါ။
ဒီနေ့မှာ ပိုင်တံခွန်ရဲ့ အစ်ကို ဖြစ်သူနိုင်တံခွန်နဲ့ သူ့ဇနီးက ပထမဦးဆုံးရင်သွေးလေးကို စတင်ပိုင်ဆိုင်လိုက်ပြီးအောင်မြင်စွာ မွေးဖွားခဲ့ကြောင်းတင်ထားခဲ့ပါတယ်။

ကလေးလေးက သမီးမိန်းကလေးဖြစ်တဲ့အပြင် မွေးကတည်းက အသားဖြူဖြူလေးနဲ့ အချောလေးဖြစ်နေတာကတော့ ဦးလေးဘက်လိုက်တယ်လို့ပြောရမှာပါပဲနော်...

ဘာပဲပြောပြော ကိုပိုင်တစ်ယောက် မကြာခင် ဦးဦးပိုင်ဆိုပြီး ကပ်ချွဲမဲ့ တူမလေးတစ်ယောက်နဲ့ အသည်းပိုနေဦးမှာ မြင်ယောင်မိနေပါသေးတယ်...

Source from Naing Takhon Facebook
Photos credit from Facebook





