Hannayuri ဆိုတဲ့ Beauty Blogger မလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ လူကောင်သေးသေး နဲ့ အရမ်းချစ်ဖို့ကောင်းသလို မိတ်ကပ်ပညာမှာလည်း ကျွမ်းကျင်သူ တစ်ဦးပါ။

လက်ရှိကိုရီးယားနိုင်ငံမှာနေထိုင်နေပြီး ဘဝကိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေသူလေးပါ။

TC Candler ရဲ့ ကမ္ဘာ့အချောဆုံးနဲ့ အလှဆုံးအယောက်၁၀၀စရင်းတွင် ပါဝင်နိုင်ခဲ့ မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်နော်...

အခုလည်းသူမရဲ့ Shooting တစ်ခုမှာ ထိုင်းနာမည်ကြီး မင်းသာချောတစ်ဦးဖြစ်တဲ့ P March နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ပုံလေးကို တင်ထားခဲ့ပါတယ်။

Chutavuth Pattarakampol လို့အမည်ရှိပြီး လူတော်တော်များများက P March လို့ခေါ်ကြတဲ့ မင်းသားချောဟာ The Sand Princess ဆိုတဲ့ထိုင်းကားထဲက နာမည်ကြီးမင်းသားလေးဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်လွန်းတဲ့ ဓာတ်ပုံလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိနေသလို ထိုင်းမင်းသားချောနဲ့ တွဲရိုက်ခွင့်ရလို့
Hannayuri ကို အားကျနေတဲ့ကောင်မလေးတွေလည်းများကြီးရှိပါတယ်နော်...
ကဲ.. နှစ်ယောက်လုံး ဘယ်လောက်တောင်ချစ်ဖို့ကောင်းလဲ ....
Source From Hannayuri
Photos credit from Facebook





