ချစ်စရာကောင်းတဲ့ ရုပ်ကလေးနဲ့ သိပ်ကို သရုပ်ဆောင်ပီပြင်တဲ့ MRTV4 မင်းသမီးလေး သံသာညီကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။

သိပ်ကိုချစ်ဖို့ကောင်းသလို ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း အခုချိန်မှာ ပရိတ်သတ်ရဲ့ ထောက်ခံမှုကို ပိုပြီးရရှိလာသူပါ။

သူ့ကို ဖူးဝေဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ လူတွေစသိခဲ့ကြပြီး အဲ့ဒီတုန်းက ရိုးရိုးအေးအေးနဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးအဖြစ်သရုပ်ဆောင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာသူ့ကို လူတွေက ချစ်မွှေးပါပြီး ရင်အေးစေတဲ့မျက်နှာလေးနဲ့မလို့ အားပေးခဲ့ကြပါတယ်။

အခုတစ်ခါမှာလည်း သရဖူဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ရိုစီဆိုတဲ ခပ်ရိုင်းရိုင်း မာနခဲ သူဌေးသမီးလေးနေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

တစ်ခုရှိတာက ရိုစီဇာတ်ရုပ်က လူမုန်းချင်စရာလေးဖြစ်သလို ဗီလိန် ဆန်ဆန်လေးလည်းဖြစ်တာမလို့ လူတွေက ဝိုင်းပြီး မုန်းသွားကြမှာကိုလည်း စိုးရိမ်နေသူလေးပါ...

သူမရဲ့ Social Media မှာ " ရိုစီလေးကို မုန်းနေကြပြီလားရှင့် "ဆိုတဲ့ စာသားလေးနဲ့ ပုံလေးတင်ပြီး မေးထားခဲ့ပါတယ်...
ကဲ... ရိုစီလေးကို ချစ်တဲ့သူတွေရှိကြလား ဖြေပေးသွားဦးနော်....
Source from Than Thar Nyi
Photos credit from Facebook