လူတိုင်းမရနိုင်တဲ့ Surprise Gift ကို သူ့ဘဝမှာ ရလိုက်ပြီဖြစ်ကြောင်း ပရိတ်သတ်ကို ကြွားလိုက်တဲ့ သူထူးစံရဲ့ဇနီးထိုက်စုဝင်း...

//s9.kh1.co/25/25a713917bac8bb2602816e9be8100fab9b66f25.jpg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

မိန်းမတိုင်းမရနိုင်တဲ့ Surprise Gift ကြီးပါပဲနော်...

ထိုက်စုဝင်းဆိုတဲ့ မော်ဒယ်သရုပ်ဆောင်လေးကို အားလုံးပဲမှတ်မိကြလား?... မင်းသားသူထူးစံရဲ့ ဇနီးချောလေးဖြစ်သလို အခုဆိုရင် မိခင်လေးတောင်ဖြစ်နေပါပြီနော်...

https://s9.kh1.co/__image/w=638,h=960,q=100/c4/c40430db89913c673ad44152549ad156be61e6c7.jpg

မင်းသားသူထူးစံနဲ့ ထိုက်စုဝင်းတို့ဟာ သိပ်ချစ်ကြတဲ့ လင်မယားတွေဖြစ်ပြီး အထူးသဖြင့် သူထူးစံကြီးက သူ့ဇနီးလေးကို ဖူးဖူးမှုတ်အောင်ချစ်ရှာသူကြီးပါနော်...

https://s9.kh1.co/__image/w=650,h=650,q=100/2d/2d0f94217edf6c14b053d12db0aa70ad98d8e091.jpg

စယူကတည်းကနေ အခုလို ကလေးတစ်ယောက်ရတဲ့အချိန်ထိကို ကလေးလေးတစ်ယောက်လို မိန်းမကို ချစ်ခင်ကြင်နာပေးတတ်ပြီး ချစ်မဝအောင်ဖြစ်နေတတ်သူပါ။

https://s9.kh1.co/__image/w=650,h=432,q=100/db/dba2fdbf5a24506a023d5921b9a56f3ffb9d7379.jpg

သူ့ကိုမိန်းမကြောက်တယ်လို့ လူတွေက ဝေဖန်ခဲ့တာတွေရှိပေမယ့်လည်း တကယ်တော့ မိန်းမကို ချစ်ပေးတတ်တဲ့ ယောကျ်ား ကတကယ်ကို ပြည့်ဝတဲ့သူတစ်ယောက်ဆိုတာကို အချိန်က သက်သေပြသွားတာပါပဲနော်...

https://s9.kh1.co/__image/w=650,h=488,q=100/74/74b8389c50a11f074eff5f9097cb623b1a3dc102.jpg

သူ့ဇနီးဖြစ်သူ စုထိုက်ဝင်းကလည်းသူ့ကို အရမ်းချစ်ပေးတဲ့သူ့ယောကျ်ားအတွက် အမြဲဂုဏ်ယူလေးစားနေပြီး ဘယ်တော့မဆို အမျိုးသားဖက်က ကာကွယ်ပေးတတ်သူပါ။

https://s9.kh1.co/__image/w=481,h=600,q=100/57/57f8ff5dbcf7a9e74e7c8d9f2ece06ffcefe4eb7.jpg

အခုလည်းသူမဘဝမှာ မိန်းမတိုင်းရဖို့ ခက်ခဲတဲ့ Surprise Gift ကို ရရှိခဲ့ပြီဆိုတဲ့ အကြောင်းကို သူမရဲ့ Facebook ပေါ်မှာ ဖော်ပြထားခဲ့ပါတယ်...

သူမရေးသားထားခဲ့တာကတော့....

" Surprise Gift အစစ်အမှန်လေး ရပြီးပြီထင်တာပဲ??‍?‍????

ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးရော၊ မွေးပြီးခုထိတော့

S-gifts တွေ ပေးပြီး ဂရုစိုက်ရှာတာ ၊ထမင်းဟင်းတွေ ကူချက်ကျွေးဖို့ထိမလိုအပ်ပေမယ့် အနားမှာရှိနေပေးပြီး အရိပ်တကြည့်ကြည့်နဲ့ နေပေးနေတာကို အားတွေဖြစ်၊ PP ကို ကျေးဇူးတင်ပြီး ချစ်မြတ်နိုးရပါတယ်၊ ဒီထက်လည်း သားမိနှစ်ယောက်ပေါင်းပြီး ဆိုးပါမယ်လို့?‍????????

မှတ်ချက်.. အကြွားတလိုင်းသီးသန့်ပါ၊

PP က သူနဲ့ကိုယ်နှစ်ယောက်ပဲသိတဲ့ ကျားကျားကိုခေါ်တဲ့ နာမည်အတိုကောက် ???"

ကဲ... ဘဝအတွက်အကောင်းဆုံး Surprise Gift ကို ရရှိပိုင်ဆိုင်ထားတဲ့ မထိုက်စုဝင်းအတွက် ဂုဏ်ယူပေးလိုက်ရအောင်...

Source from Htike Su 's Facebook

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T