သမီးရှင်သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ အဆိုတော် ဗျူဟာ ဟာဆိုရင် ယမန်နေ့က သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွား ပြီပဲဖြစ်ပါတယ်။ အဆိုတော် ဗျူဟာဟာဆိုရင် လူငယ်တွေကြားရေပန်းစားတဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ဆိုတဲ့ သူဖြစ်ပြီး အခြားသူများအတွက်လည်း သီချင်းကောင်းလေးတွေ ရေးစပ်ပေးတဲ့ သူဖြစ်ပါတယ်။


အနုပညာ ပါရမီ အပြည့်ပါတဲ့ တေးရေး တေးဆို ဗျူဟာ ဟာဆိုရင် ယမန်နေ့ မေလ ၉ ရက်နေ့က သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားတဲ့ တေးရေး တေးဆို ဗျူဟာရဲ့ ဘွဲ့နာမည်က ဦးဇင်း ကဝိန်ဒ လို့ သိရပါတယ်။


ဦးဇင်း ကဝိန်ဒ က တောင်ဒဂုံမှာရှိတဲ့ ဇေယျသိဒ္ဓိ ကျောင်းမှာ ရဟန်းခံခဲ့တာဖြစ်ပြီး တောင်ပေါ်မှာ သီတင်းသုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပျော်ရင် သုံးလလောက် ဦးဇင်းဝတ်မှာဖြစ်ပြီး ဝါကျွတ်မှ လူပြန်ထွက်ဖြစ်မယ်လို့ တေးရေး ၊ တေးဆို ဗျူဟာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြပေးထားပါတယ်။

အဆိုတော် ဗျူဟာက တေးရေးနိုင်မြန်မာရဲ့ သားဖြစ်ပြီး ဖခင်လိုပဲ အနုပညာပါရမီပါတဲ့ သူဖြစ်ပါတယ်။ တေးရေး တေးဆို ဗျူဟာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။