ပီပြင်ပိုင်နိုင်တဲ့သဘာဝသရုပ်ဆောင်ချက်တွေနဲ့ မြန်မာ့ရုပ်ရှင်ချစ်ပရိတ်သတ်တွေရဲ့ ရင်ထဲအသည်းထဲ ထာဝစဥ်စွဲမြဲနေသူ အနုပညာတစ်ဦးလို့ဆိုလာရင်တော့ ကိုသားကြီး လို့ လူသိများတဲ့ မင်းသားကြီး ဒွေး ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။


မင်းသားကြီး ဒွေး ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အတော်လေး နာမည်ကျော်ကြားအောင်မြင်မှုရနေစဥ်ကာလမှာတင်ပဲ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ ကွယ်လွန်မှုဟာ ပရိတ်သတ်တွေအတွက် အလွန် ကြေကွဲစရာ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။


ကိုသားကြီး သာ အသက်သာ ရှိနေဦးမယ်ဆိုရင်တော့ ဒီကနေ့ဟာ ကိုသားကြီး ရဲ့ အသက်(၅၆)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ကိုသားကြီးတစ်ယောက် ဘဝဆက်တိုင်း အနုပညာတွေနဲ့ ပျော်မွေ့ရှင်သန်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။




