တောင်ကိုရီးယား မိန်းကလေးအဆိုတော်တစ်ဖွဲ့ဖြစ်တဲ့ BLACK PINKအဖွဲ့က အာရှနိုင်ငံတွေမှာ သာမက အနောက်ဥရောပနိုင်ငံတွေ အထိပါ ထိုးဖောက် အောင်မြင်နေကြတာ ဖြစ်ပါတယ်။ BLACK PINKအဖွဲ့ဟာ အဖွဲ့လိုက်အောင်မြင်မှုတွေသာမက တစ်ဦးချင်း solo အနေနဲ့လည်း အောင်မြင်မှုများစွာရရှိထားတာဖြစ်ပါတယ် ။


BLACK PINKအဖွဲရဲ့ member တစ်ဦးဖြစ်တဲ့ LISA က သူမရဲ့ solo album ထွက်ရှိလာခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာ YouTube viewers ပေါင်း သန်းနဲ့ချီကာရရှိခဲ့တာဖြစ်ပါတယ်။အခုတစ်ခါမှာလည်း Lisa ရဲ့ CELINE Runway Video က Fan တွေတင်မကဘဲ Non-Fan တွေကြားထဲထိ အောင်မြင်နေတာပဲ ဖြစ်ပါတယ်။


Model LALISA လေးက Fan မဟုတ်တဲ့လူတွေနဲ့တစ်ခြား Kpop Fandom ကသူတွေဆီကပါ ချီးကျူးမှုတွေအများအပြားရရှိခဲ့ပါတယ်။ LISA လေးရဲ့ CELINE Runway Video ကို Fan Account တစ်ခုက Twitter မှာတင်ထားခဲ့ရာကနေတစ်ဆင့် Non-Fan တွေကြားထဲမှာပါ Viral ဖြစ်သွားခဲ့ဝာာပါ။ ခုဆိုရင်အဆိုပါ Video လေးက Twitter မှာကြည့်ရှုသူ 800K ကျော်နေခဲ့ပါပြီ။


Non-Fan တွေရဲ့ချီးကျူးပြောစကားတစ်ချိုကတော့ ❝ ဒီလိုလျှောက်တာက သူမအတွက်ဒုတိယအကြိမ်ဆိုပြီး အားလုံးကပြောနေကြတယ်။ ဒါပေမဲ့ငါ့အမြင်မှာတော့ သူမက Pro တစ်ယောက်လိုမျိုး Cool ဖြစ်နေပါလား။ ❞ ❝ ငါက BLACKPINK Fan မဟုတ်ပေမဲ့ခုငါ့ရဲ့ Twitter Feed မှာပေါ်လာတဲ့ LISA ရဲ့ Video ကငါ့ကိုတအားမှင်သက်သွားစေတယ်။ ❞ ဆိုပြီး ပြောကြားခဲ့ပါတယ်။


CELINE ရဲ့ပထမဆုံး Muse, Global Ambassador ဖြစ်သူ Lalisa Manobal တစ်ယောက် Runway Model အနေနဲ့နောက်တစ်ခေါက်ပွဲဦးထွက်မှုက ထင်ထားတာထက်အကောင်းဆုံးဖြစ်နေတဲ့အပြင် Media တွေ၊ Non-Fan တွေဆီကထင်မှတ်မထားတဲ့ချီးကျူးမှုတွေကလဲ အများကြီးရခဲ့ပါတယ်။ Lalisa Manobal ကတော့ ဘယ်နယ်ပယ်မှာမဆို ချီးကျူးခံရဖို့ မွေးဖွားလာတဲ့ Superstar တစ်ယောက်ပါပဲ။ ??
Photo Credit & Source : Lalisa Manoban - Myanmar





