စကားပြောရင် အရင်လိုမဟုတ်ပဲ ပြောသင့်မပြောသင့်စဉ်းစားတတ်လာပြီဆိုတဲ့ ဇင်သဲနိုင်

//s9.kh1.co/74/746937766491848c8cf6ad1145b90be3b6c0b9ea.jpg
အနုပညာရှင်များ

 ၀၅-မေ-၂၀၂၂ ၆pm · လွန်ခဲ့သော ၃ နှစ် က

ဆုံးဖြတ်ချက်တွေအရင်လိုမမြန်တော့ဘူး...

ပိုင်ဇေရဲထွန်းဆိုတဲ့ သရုပ်ဆောင်မင်းသားကြီးကို မှတ်မိကြမှာပါ။

အရင်က သီချင်းတွေ ဇာတ်လမ်းတွေနဲ့ MTV တွေမှာနာမည်ကြီးခဲ့တဲ့ သူဟာ အခုဆိုရင် ကလေးလေးတွေရဲ့အဖေ အိမ်ထောင်ဦးစီးကြီးဖြစ်လို့နေပါပြီ။

https://s9.kh1.co/__image/w=650,h=650,q=100/35/3525b05c2bd2e3f1d2bc2a10622ca8ba03ad1cc4.jpg

မိသားစုအပေါ် အရမ်း ချစ်တတ်တဲ့ သူဟာ မိသားစုနဲ့ပဲ အချိန်ကုန်တာများတတ်ပြီး အခုနောက်ပိုင်းမှာအနုပညာလှုပ်ရှားမှုမရှိသလောက်ပါပဲ။

ဒါပေမယ့်လည်းသူတို့ရဲ့မိသားစုလေးက ပျော်ရွှင်နေရလို့ ပရိတ်သတ်အများစုက အားကျနေခဲ့ရတာပါ။

https://s9.kh1.co/__image/w=640,h=640,q=100/62/62f3300ef82658193cb8d93d8ceda57d3747af71.jpg

အထူးသဖြင့်မိန်းမဖြစ်သူမဇင်သဲနိုင်ကို ချစ်တတ်လွန်းတာကြောင့် ပရိတ်သတ်တွေက သဘောကျခဲ့ကြပါတယ်။

မဇင်သဲနိုင်ကလည်း ခပ်သွက်သွက်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ဇနီးတာဝန်ကျေတဲ့မိခင်တစ်ယောက်ပါ။

https://s9.kh1.co/__image/w=650,h=497,q=100/e2/e25898ff3506998da8178fcf9b7f3106d107d93c.jpg

အရင်ကထက်ကို သူပိုပြီးပြောင်းလဲလာပြီလို့လည်း သူမရဲ့ Facebookစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်....

https://s9.kh1.co/__image/w=650,h=650,q=100/a6/a6532ef2b93b5a655985e2135bd59d08509be3c0.jpg

"အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ…

အရင်လိုပေါ့ပေါ့ပါးပါးမဟုတ်တော့ပဲ အရာရာကိုseriousဖြစ်လာတယ်… တစ်ခုခုဝယ်တော့မယ် အရင်လိုလက်မလွယ်ပဲ တကယ်လိုအပ်ရဲ့လားလို့အခါခါစဉ်းစားတတ်လာတယ်…တစ်ခုခုပြောတော့မယ်ဆို အရင်လိုပက်ခနဲမဟုတ်ပဲ အချိန်ခဏယူပြီးမှပြောသင့်မပြောသင့်ချင့်ချိန်ပြီးမှပြောဖြစ်တော့တယ်..အရင်လိုလူတရုန်းရုန်းနဲ့ဆိုမပျော်တတ်တော့ပဲ ကိုယ်ချစ်တဲ့ကိုယ့်ကိုချစ်တဲ့လူအနည်းစုနဲ့ပဲပျော်တတ်လာတယ်..အလုပ်တစ်ခုလုပ်တော့မယ်ဆိုလည်းအရင်လိုလုပ်ချင်တာတစ်ခုထဲနဲ့အကောင်ထည်မဖော်ချင်တော့ဘူး အရင်ဆုံးရှုံးမဲ့riskကိုခံနိုင်ရဲ့လားအထပ်ထပ်စဉ်းစားပြီးမှလုပ်ဖြစ်တော့တယ်..သွေးဆူအရမ်းလွယ်တဲ့သူကသွေးအေးလာတယ်..ဆုံးဖြတ်ချက်တွေအရင်လိုမမြန်တော့ဘူး… တစ်ခုခုဆိုအလေးနက်ကြီး သိပ်စဉ်းစားသိပ်တွေးပြီး အရမ်းတွေခံစားနေတာ အသက်တွေကြီးသွားလို့များလား...."

https://s9.kh1.co/__image/w=650,h=977,q=100/6d/6d59eae40977cd26fa2f609acdcd1b47aac3b109.jpg

ဟုတ်ပါတယ် လူတွေကကြီးလာရင် ပိုပြီးရင့်ကျက်လာကြတာပါပဲနော်....

Source from Zin Thae Naing's Facebook

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T