သမီးလေး ခိုင်အေးချမ်းမေရဲ့ ဖခင်ကွယ်လွန်တာ ၁ နှစ်ပြည့် ကုသိုလ်လေး ပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/7d/7d4511947a1dc16394f5e92eda7bc3e49ab87bad.jpeg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၂ ၇pm · လွန်ခဲ့သော ၄ နှစ် က

သမီးလေး ခိုင်အေးချမ်းမေရဲ့ ဖခင်ကွယ်လွန်တာ ၁ နှစ်ပြည့် ကုသိုလ်လေး ပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က မိဘမဲ့ ကလေးလေးတွေကို ကျွေးမွေး ပြုစု စောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ သရုပ်ဆောင်ခိုင်နှင်းဝေ ကျွေးမွေး ပြုစု စောင့်ရှောက်ပေးထားတဲ့ ကလေးငယ်လေးတွေထဲမှာ မိဘအသက်ရှင်လျက်ရှိတဲ့ ကလေးငယ်လေးတွေ ရှိသလို မိဘမရှိတော့တဲ့ ကလေးငယ်လေးတွေလည်းရှိပါတယ်။ ကလေးငယ်လေးတွေထဲက သမီးလေး ခိုင်အေးချမ်းမေလေးဟာဆိုရင်လည်း ဖခင်ကိုယ်တိုင်ခိုင်နှင်းဝေဆီကို လာရောက် အပ်နှံပေးခဲ့တဲ့ သမီးလေး ဖြစ်ပါတယ်။

Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook

သမီးလေး ခိုင်အေးချမ်းမေလေးရဲ့ အဖေဟာ သူကိုယ်တိုင် အချိန်အများကြီး မကျန်တော့တာကို ကြိုသိနေခဲ့ပုံရပါတယ်။ သမီးလေးကို ခိုင်နှင်းဝေဆီ အပ်နှံပြီးတဲ့နောက်မှာ ဆုံးပါးသွားတယ်လို့သိရပါတယ်။ ဖြေမဆည်နိုင်အောင်သနားဖို့ကောင်းလွန်းလှတဲ့ သမီးလေးနဲ့ ဖေဖေတို့ရဲ့ ဇာတ်လမ်းလေးက  မင်းသမီးခိုင်နှင်းဝေအပါအဝင်လူအများ ရင်ကို ကွဲကြေသွားစေပါတယ်။ 

Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook

ဒီကနေ့မှာတော့ ပရဟိတမင်းသမီး ခိုင်နှင်းဝေက သမီးလေး ခိုင်အေးချမ်းမေလေးရဲ့ ဖခင်ကြီး ၁ နှစ်ပြည့်အတွက် လှူဒါန်းမှုလေး ပြုလုပ်ပေးခဲ့ပါတယ်။ 

Khine Hnin Wai’s Facebook
Khine Hnin Wai’s Facebook

ဖခင်ကြီးရဲ့ ဓာတ်ပုံလေးကို ကိုင်ရင်း စေ့စေ့ကြည့်နေတဲ့ သမီးလေး ခိုင်အေးချမ်းမေလေးရဲ့ ပုံရိပ်လေးက လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ စိတ်နှလုံးကို ကွဲကြေသွားစေပါတယ်။ ကောင်းရာသုဂတိလားပါစေနော် .. သမီးလေးဖေဖေရေ ..

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T