နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ထက်ယံကတော့ အချစ်သီချင်း မြူးမြူးလေးတွေ ကနေတဆင့် ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ထက်ယံက ဂီတနဲ့ ပတ်သက်ပြီး သီချင်းတွေရေး၊ သီချင်းတွေ ဆိုရင်း ကနေမှတဆင့် အနုပညာလေ ကထဲကို ရောက်ရှိ လာခဲ့သူလည်း ဖြစ်ပါတယ်။


သူကိုယ်တိုင် ရေးသားပြီး သီဆိုထားတဲ့ ‘’နွေးသွားတယ်’’ ဆို တဲ့ သီချင်းလေးကလည်း ဆယ်ကျော်သက် လူငယ်လေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သည်ထိကို အောင်မြင်ခဲ့ပါတယ်။ ထက်ယံက သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ သီချင်းတွေနဲ့ အောင်မြင်နေတဲ့ သူလည်းဖြစ်ပါတယ်။


ထက်ယံက လွန်ခဲ့တဲ့လပိုင်းလောက်က ချစ်သူလေးနဲ့ ရုတ်တရတ် ရွှေလက်တွဲသွားတာကြောင့် ပရိသတ်တွေအားလုံးက အံ့သြခဲ့ ကြရပါသေးတယ်။ ပရိတ်တွေကို သူမိန်းမယူသွားလို့ စိတ်မဆိုဘဲ အရင်လို ဆက်ပြီး ချစ်ပေးကြဖို့ကို "ကျနော့်သီချင်းတွေကိုကြိုက်လို့ ကျနော်က ထက်ယံဆိုတာသိလာတာပါ အားလုံးမှာ ချစ်ရတဲ့မိသားစုရှိတယ် ချစ်ရတဲ့လူဆိုတာရှိလို့ အသည်းတွေကွဲရင် ကျနော့်သီချင်းတွေနဲ့ ဖီးလ်တယ်မလား ကျနော်လို လူတစ်ယောက်မှာလဲ ကိုယ့်လူတို့လိုပဲ အချစ်ရှိမှဖန်တီးနိုင်တာပါ မရှိဘူးဆိုတာမရှိပါဘူး အချိန်မတန်သေးလို့ပဲဖြစ်မှာပါ။


ကိုယ့်လူတို့ကြိုက်ခဲ့တဲ့ အသည်းကွဲသီချင်းတွေဖြစ်လာဖို့ ကျနော့်ကိုခံစားနေခိုင်းခဲ့တဲ့ သူဟာ ပပဝတီ ပါပဲ ??♀️ဒါကြောင့်….ကျနော်မိန်းမရတာရတာ ချစ်လို့ရပါတယ် ? စိတ်မဆိုးပါနဲ့ ? အလုပ်အသစ်တွေ သီချင်းအသစ်တွေနဲ့ အရင်ကထက်ပိုကြိုးစားပါဦးမယ်ခင်ဗျ ?" ဆိုပြီး တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။


Photo Credit : ???? ???'s FB Acc