ချစ်စရာကောင်းပြီး သူနဲ့တူတဲ့သားလေးကို ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တဲ့ Kim Jae Won

//s9.kh1.co/78/787d8523bdcd25759ed8278a83614c3a9950d57e.jpg
အနုပညာရှင်များ

 ၀၄-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

အပြုံးလေးတွေနဲ့ သွားလေးတွေက အစ အဖေနဲ့ ချွတ်စွပ်ပဲ ..အဖေကို မရရင် သားကိုတော့ ရအောင်ယူရမယ် ???...

Kim Jae-won က သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့တူတဲ့ သူ့ရဲ့သားလေး ဘယ်လိုကြီးပြင်းလာသလဲဆိုတာကို မကြာသေးမီက ဓာတ်ပုံတစ်ပုံမှာ ဖော်ပြလိုက်ပါတယ်။ မင်းသား Kim Jae-won က သူ့ရဲ့ ချစ်ဖို့ကောင်းတဲ့ သားလေးရဲ့ ဓာတ်ပုံကို ထုတ်ဖော်လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=671,q=100/0e/0eba125303356c0d4bd30e742aaad2263bc6c3d5.png

Kim Jae-won က ဧပြီလ ၂၈ ရက်နေ့က သူ့ရဲ့ Instagram အကောင့်မှာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး "လူတော်တော်များများက Yi-jun ကို သိချင်နေကြတာကြောင့် သူ့ဓာတ်ပုံကို တင်လိုက်တာပါ။ သူတော်တော်ကြီးလာပြီမဟုတ်လား" လို Caption လေးလည်း ရေးထားပါသေးတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/c5/c52b0574846066b7a3e86876a4871994e797d977.jpg

ထွက်လာတဲ့ပုံက Yi-jun က ID ဓာတ်ပုံရိုက်လေးပါပဲ။ ဖခင်ဖြစ်သူရဲ့ လှပတဲ့အပြုံးနဲ့ ချွတ်စွပ်တူလောက်အောင်ကို ပြုံးနေတဲ့ Yi-jun ရဲ့ ပုံလေးဟာ အင်တာနက်သုံးစွဲသူတွေရဲ့ မျက်လုံးတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အပြုံးလေးတွေအပြင် သူ့ကို ပိုပြီးချစ်ဖိုကောင်းအောင်လုပ်ပေးလိုက်တာကတော့ ယုန်သွားလေးတွေပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=648,q=100/79/795253662cd02dd58e3d2af23be6dba89815d5c2.webp

Kim Jae-won ရဲ့ Post ကို မြင်တဲ့ အင်တာနက် အသုံးပြုသူတွေက “Yi-jun က တော်တော်ကြီးလာပြီပဲ.. ဒါပေမယ့် သူက ချစ်စရာကောင်းတုန်းပဲ”၊ “သူက အရမ်းချစ်စရာကောင်းတယ်၊” “အရမ်းချောတယ်။ သူ့အဖေနဲ့တူတယ်” စသဖြင့် commitment လေးတွေ ရေးသားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=632,h=960,q=100/2a/2a22267a26dbf48700d5fdb04928dd6f3911ae0f.jpg
https://s9.kh1.co/__image/w=650,h=361,q=100/80/80d5b037f9c76890006e96ec90717a4c90d3d54a.png

Kim Jae-won ကတော့ အသက်အရွယ်တူ Celebrity မဟုတ်တဲ့ သူနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သားလေးတစ်ဦးရှိနေပြီပဲ ဖြစ်ပါတယ်။ Kim Jae-won နဲ့ သူ့သားလေးက 2020 ခုနှစ် KBS2 ရဲ့ ဖျော်ဖြေရေးရှိး "Stars' Top Recipe at Fun-Staurant" မှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=361,q=100/f7/f7b638c044f79b12b04ac16232f024f1b21413aa.png

Photo Credit & Source : Kbizoom 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T