ပရိတ်သတ်အချစ်တော် မအေးသောင်းမင်္ဂလာဆောင်သွားတာကို အားလုံးပဲသိကြမယ်ထင်ပါတယ်။

သူ့ချစ်သူနဲ့ ဘန်ကောက်မှာ မင်္ဂလာပွဲကြီးကျင်းပခဲ့ပြီး သူ့wedding ကို တက်ရောက်လာခဲ့တဲ့ အနုပညာရှင်တွေလည်း များစွာရှိခဲ့ပါတယ်။
ဒီထဲမှာမှ အဆိုတော်သရုပ်ဆောင် မေနွယ်ထွန်း လည်း ပျော်ပျော် ကြီး တက်ရောက်အားပေးခဲ့ပါတယ်။

မအေးသောင်းဟာ သိပ်ချစ်တဲ့ ယောက်ျားကို ပိုင်ဆိုင်ခွင့်ရခဲ့လို့ အရမ်းကံကောင်းတယ်လို့ သူမရဲ့ Facebook စာမျက်နှာမှာ အခုလိုလေးရေးသားခဲ့ပါတယ်

"
မိန်းမတယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးက
ယောကျာ်းကောင်းတယောက် ကို ပိုင်ဆိုင်နိုင်ဖို့ပါ။
ပေါက်က သူ့ကို အရမ်းချစ်ပြီး တန်ဖိုးထားတဲ့ယောကျာ်းကို
ပိုင်ဆိုင်ခွင့်ရတာမို့ မပေါက်အတွက် တကယ်စိတ်အေးရပါပီ။ သူပျော်နေတာကြည့်ပီး မျက်ရည်တောင်ကျပါတယ်။
သူအရမ်းလဲလှနေလို့လေ။
တစ်သက်လုံးစိတ်ချမ်းသာပါစေငါ့သဲလေးရယ်။

မိန်းကလေးတိုင်းလဲ ကံကောင်းကြပါစေ နော်..."
မှန်ပါတယ် မိန်းကလေးတိုင်းလည်း တစ်သတ်လုံးစိတ်ချမ်းသာဖို့ လူသားဆန်ပြီးသစ္စာရှိတဲ့ ယောက်ျားတစ်ယောက်လိုအပ်ပါတယ်။
ဒီလိုလူမျိုး မှမရရင်မယူကြနဲ့ဦးနော် စစ်တို့ရေ...

Source from May Nwe Htun's Facebook
Photos credit From Facebook





