သူမ မင်္ဂလာပွဲမှာ ကိုင်ဆောင်ထားတဲ့ မင်္ဂလာ ပန်းစည်းလေးရဲ့ အဓိပ္ပါယ်လေးကို ဝေမျှပေးလာတဲ့ မအေးသောင်း

//s9.kh1.co/60/60a51502d3cfe4183e23275605f6902d6c5dd960.jpg
အနုပညာရှင်များ

 ၀၃-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

သူမ မင်္ဂလာပွဲမှာ ကိုင်ဆောင်ထားတဲ့ မင်္ဂလာ ပန်းစည်းလေးရဲ့ အဓိပ္ပါယ်လေးကို ဝေမျှပေးလာတဲ့ မအေးသောင်း

အားလုံးပဲ မအေးသောင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပြည်သူချစ်မင်းသမီးလေး အေးဝတ်ရည်သောင်းတစ်ယောက် မင်္ဂလာဆောင်ခဲ့ကြတာကို သိပြီးကြမှာပါနော်။ ပြည်သူချစ် မင်းသမီးလေး အေးဝတ်ရည်သောင်းဟာ သူမ ချစ်ရတဲ့သူနဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်အေးဝတ်ရည်သောင်းက သူမရဲ့ မင်္ဂလာဆောင် ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာကြောင့် မြန်မာတစ်နိုင်ငံလုံးက မအေးသောင်းရဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကို အားကျနေကြပါတယ်။

Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook

မင်္ဂလာလက်ထပ်ပွဲမှာ မင်္ဂလာပန်းစည်းအဖြစ် သရုပ်ဆောင် မအေးသောင်း ကိုင်ဆောင်ထားခဲ့တဲ့ ပန်းစည်းလေးက Lily of the valley အမည်ရတဲ့ ပန်းစည်းလေးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သရုပ်ဆောင် မအေးသောင်းက သူမ မင်္ဂလာပွဲမှာ ကိုင်ဆောင်ခဲ့တဲ့ Lily of the valley ပန်းစည်းလေးရဲ့ နက်နဲလှတဲ့ အဓိပ္ပါယ်လေးကို သူမရဲ့ စတိုရီလေးပေါ်မှာ ဝေမျှပေးလာခဲ့ပါတယ်။

Aye Thaung's Facebook
Aye Thaung's Facebook

မအေးသောင်း ကိုင်ဆောင်ခဲ့တဲ့ Lily of the valley ပန်းစည်းလေးကို မေလမှာ လက်ဆောင်ရခဲ့မယ်ဆိုရင် ပျော်ရွှင်ဖို့ကို ရည်ရွယ် တယ်လို့ သိရပါတယ်။ Lily of the valley ပန်းလေးရဲ့ အဓိပ္ပါယ်က “မိခင်ဘဝ” ၊ “သန့်ရှင်းစင်ကြယ်ခြင်း” “ချိုမြိန်မှု”  “ ကံကောင်းခြင်း ၊ ပျော်ရွှင်မှုတွေ ရောက်ရှိလာမယ် ” ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ မအေးသောင်းဝေမျှထားတဲ့ ပန်းလေးရဲ့ အဓိပ္ပါယ်လေး အရ သိရပါတယ်။ 

Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook

သရုပ်ဆောင် မအေးသောင်းက lily of the valley ပန်းစည်းလေးကို မေလမှာကျင်းပတဲ့ သူမရဲ့ မင်္ဂလာပွဲမှာ လက်ထပ်ပန်းစည်းအဖြစ် ကိုင်ဆောင်ခဲ့တာဖြစ်လို့ ပန်းလေးရဲ့ အဓိပ္ပါယ်အတိုင်း ကံကောင်းခြင်းတွေ အပြည့်နဲ့  အမြဲပျော်ရွှင်နေရတဲ့ ကောင်မလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် .. ချစ်ရတဲ့ ကောင်မလေးရေ ..???

Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T