တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ မင်္ဂလာ သတင်းလေးဟာ လက်ရှိအချိန်အထိ လူမှု ကွန်ရက်ပေါ်မှာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ Binjin စုံတွဲလေးက မကြာသေးမီက ဟန်းနီးမွန်း ခရီးစဉ်ကနေ ပြန်လာတဲ့ စုံတွဲလေးဖြစ်ပြီး အပြန်ခရီးမှာ ရင်သွေးလေး ရရှိပိုင်ဆိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ထားတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

အနုပညာရှင် နှစ်ဦးဘက်ကနေ ဘာမှ အတည်ပြုထားတာမျိုး မရှိသေးတာကြောင့် ဒီသတင်းတွေက အခုအချိန်အထိတော့ အတင်းအဖျင်း သတင်း ၊ ကောလာဟလသတင်း သပ်သပ်ပဲ ဖြစ်နေပါသေးတယ် ။ ဒါပေမယ့်လည်း လူစိတ်ဝင်စားမှု မြင့်တတ်နေတာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ ပရိသတ်တွေက ဆက်ပြီးတော့ Binjin စုံတွဲလေးသာ သားသား ၊ မီးမီးလေး ပိုင်ဆိုင်ရမယ်ဆိုရင် ဘယ်လို ပုံစံလေး ဖြစ်လာမလဲဆိုတာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိနေပါတယ်။


Binjin စုံတွဲလေးရဲ့ ကလေးလေးက သားသားလေးဆိုရင် Hyun Bin လိုမျိုး တောက်ပစူးရှတဲ့ မျက်လုံးပိုင်ရှင်လေးဖြစ်မှာ သေချာပြီး မီးမီးလေးဆိုရင် သူ့မေမေ Son Ye Jin လိုမျိုး သေချာပေါက် သလိုမျိုး ကျက်သရေရှိပြီး လှပနေမှာ အသေအချာပဲဖြစ်ပါတယ်။



ပရိသတ်တွေကတော့ အနုပညာရှင်နှစ်ယောက်ရဲ့ မျက်နှာ ပုံစံလေးတွေကို အခြေခံပြီး Binjin စုံတွဲရဲ့ သားသား မီးမီးလေးတွေရဲ့ မျက်နှာလေးတွေကို ခန့်မှန်းပေးထားကြပါတယ်။


ပရိသတ်တွေ ခန့်မှန်းပေးထားတဲ့ Binjin စုံတွဲလေးရဲ့ သားသားမီးမီးလေးတွေ ဓာတ်ပုံလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။
Source - Kbizoom





