သဇင်ထူးမြင့် ကတော့ တတ်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။


ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သူမကတော့ အနုပညာပိုးအပြည့်ပါပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိနေပါတယ်။


အကယ်ဒမီရွှေကြိုကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ သဲက ယောကျာ်းလေး ပရိသတ်တွေသာမက မိန်းကလေးပရိတ်တွေကိုပါ ပိုင်ဆိုင်ထားသူလေးပါ။


အခုလည်း အရမ်းလှတဲ့ ရှုခင်းတွေကို နောက်ခံထားပြီး ဖက်ရှင်ဒီဇိုင်းမျိုးစုံနဲ့ လှရက်လွန်းတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ အခါခါပြန်ကြည့်ချင်ရလောက်အောင် လှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။



Photo Credit & Source : Thazin Htoo Myint - Thel's FB Acc





