ဘေဘီမောင်နဲ့သာဂန်းတို့ ဇနီးမောင်နှံကိုအားလုံးပဲ သိကြမယ်လို့ထင်ပါတယ်။

ခပ်အေးအေးနေတတ်ပြီး မိန်းမသိပ်ချစ်တတ်တဲ့ သာဂန်းနဲ့ ခပ်သွက်သွက်နဲ့ချွဲတတ်တဲ့ မမဘေဘီမောင်တို့ဟာ ပရိတ်သတ်တွေအားကျစရာ မနဲ့မောင် အချစ်ငှက်စုံတွဲလေးပါ။

အခုဆိုရင်သူတို့မှာ ထပ်ပြီးတွယ်တာ ချစ်ခင်ရမယ့် ကလေးလေးကိုပါ ကိုယ်ဝန်ဆောင်ထားရတာမလို့ ပိုပြီးပျော်စရာမိသားစုလေးဖြစ်လာတော့မှာပါ။

မိသားစုဝင်တစ်ယောက်ထပ်တိုးတော့မှာမလို့ အရင်ကထက်ကို ပိုကြိုးစားနေကြောင်းကိုလည်းဘေဘီမောင်က အခုလိုရေးသားခဲ့ပါသေးတယ်။
" ကိုယ်ဝန်စရှိကထဲက အလုပ်တွေပိုကြိုးစားပြီး
သင်ယူလေ့လာစရာပညာရပ်တွေသင်လာခဲ့တာ
တစ်ရက်မှကိုအနားမယူသေးတာ သမီးလေးမွေးတဲ့အချိန်မှပဲခနနားတော့မယ်ကွယ်"

ကဲ မိခင်မေတ္တာ ဘယ်လောက်ကြီးမားသလဲနော်
Source from Baby Maung's Facebook
Photos credit from Facebook