ဂေါတမီရတနာဟာ ဆိုရင် အီတလီနိုင်ငံသူ တစ်ယောက် ဖြစ်ပါလျက်ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လွန်းတာကြောင့် ဗုဒ္ဓရဲ့ တရားတော်တွေကို အင်္ဂလိပ်လို ဟောကြားပေးနေတဲ့သူဖြစ်ပါတယ်။
ဂေါတမီရတနာရဲ့ မိသားစုဝင်အားလုံးက ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်သူများ ဖြစ်ပေမယ့် ဂေါတမီ ရတနာက အဖွားဖြစ်သူကြောင့် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် လာ သူ ဖြစ်ပါတယ်။ ဂေါတမီရတနာဟာ ဗုဒ္ဓဘာသာကို ရင်ထဲကနေနှစ်နှစ်ကာကာ ယုံကြည်သူပီပီ ဗုဒ္ဓရဲ့ အဆို အမိန့် များ ၊ ဗုဒ္ဓရဲ့ တရားတော်များကို အင်္ဂလိပ်လို ပြန်လည် ပို့ချနေတဲ့သူ ဖြစ်ပါတယ်။
သူမဟာ မြန်မာဝတ်စုံကိုသာ ဝတ်လေ့ဝတ်ထရှိပြီး မြန်မာလူမျိုး အများစု ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူ ဖြစ်တာကြောင့် မြန်မာလူမျိုးတွေက ဂေါတမီ ရတနာကို ချစ်ကြပါတယ်။
အခုတစ်ခါမှာလည်း ဂေါတမီရတနာ က မြန်မာပြည်ကို လာလည်မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိလာနေပါတယ်။ဂေါတမီရတနာကိုယ်တိုင်ကလည်း သူမကို မြန်မာလူမျိုးတွေ ကြိုဆိုနေတယ်ဆိုတာ သိရလို့ ဝမ်းသာပျော်ရွှင်နေပါတယ်။
ဂေါတမီရတနာ မြန်မာပြည်ကို ဘယ်အချိန် ရောက်လာမလဲဆိုတာ မသိရသေးပေမယ့် မြန်မာပြန်ကိုရောက်လာမယ်ဆိုတာသေချာသလောက်ရှိနေတာကြောင့် အခြေအနေ အသေးစိတ်ကို အလျင်းသင့်ရင် သင့်သလိုထပ်မံ ဖော်ပြပေးသွားပါမယ်နော်။