EXO အဖွဲဝင်တစ်ဦးဖြစ်ပြီး လက်ရှိမှာစစ်မှုထမ်းတာဝန်ကိုထမ်းဆောင်နေတဲ့ Chanyeol ဟာပြီးခဲ့တဲ့ မေလ ၁ ရက်နေ့တုန်းက စစ်တပ်အတွင်းမှာရာထူးတိုးခဲ့ပါတယ်။သူဟာရာထူးတိုးရမဲ့ရက်ထက်တစ်လစောပြီး တပ်ကြပ်ကြီးရာထူးကိုရရှိခဲ့တာပါ။စောတိုးရတဲ့အကြောင်းရင်းကတော့ သူ့ရဲ့တခြားသူတွေနဲ့မတူ ထူးခြားတဲ့ခေါင်းဆောင်နိုင်စွမ်းကြောင့် ရာထူးတိုးဖို ထောက်ခံမှုရရှိခဲ့တာကြောင့်ပါတဲ့။
Chanyeol got an advance promotion today! He’s now a Sergeant, Congratulations Park Chanyeol ❤️?? pic.twitter.com/hebEnTSJ6G
— ari ? (@oshcuddles) May 1, 2022
ဒါဟာသူ့ရဲ့ဒုတိယမြောက်ရာထူးစောထိုးမှုပါ။မနှစ်က နိုဝင်ဘာလတုန်းကလည်း အထူးစစ်သည်တော် စမ်းသပ်ချက်ကို အောင်မြင်ဖြတ်ကျော်ခဲ့တာကြောင့် တပ်ကြပ်ရာထူးကို တစ်လစောပြီးရရှိခဲ့ပါတယ်။Chanyeol ဟာ "Blue Helmet:A Song Of Meissa" လိုခေါ်တဲ့ စစ်တပ် Musical တစ်ခုမှာလည်း အဓိကဇာတ်ဆောင်နေရာကနေ သရုပ်ဆောင်နေပါတယ်။

Chanyeol ဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့က စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး လာမဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ စစ်မှုထမ်းကာလပြီးဆုံးမှာဖြစ်ပါတယ်။
