တစ်လပြည့်မွေးနေ့လေးတောင်ကျ‌ရောက်ခဲ့ပြီး ပါးဖောင်းဖောင်းလေးနဲ့ ဖေဖေမေမေတို့လို ချစ်စရာကောင်းနေတဲ့ သူထူးစံရဲ့ သမီးလေး

//s9.kh1.co/a8/a825c59a458d7b4ac0d710a2ef0d80fe5624bdfd.jpg
အနုပညာရှင်များ

 ၀၂-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သဘာဝကျကျ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့တဲ့ သူကတော့ မင်းသား သူထူးစံပဲ ဖြစ်ပါတယ်။ သူဟာ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ လျှောက်လှမ်းလာခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူထူးစံဟာ မင်းသမီးချောလေး ထိုက်ဆုဝင်းနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San

တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုအပြည့်ရှိခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားကျခဲ့ရပါတယ်။ မကြာသေးခင်ကတော့ သူတို့ရဲ့ ပထမဆုံး သမီးလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ ယမန်နေ့ကတော့ ဖေဖေသူထူးစံက သမီးလေးနဲ့ ပတ်သက်တာလေးကို ချစ်စရာလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San
Photo Credit - Thu Htoo San

ဒါကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးက တစ်လပြည့်မွေးနေ့လေးကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ဖေဖေ သူထူးစံက သမီးလေးကို ကောင်မွန်စွာမွေးပေးခဲ့တဲ့ ဆရာဝန် ၊ ဆရာမ နှင့် ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောထားရာမှာလည်း " သမီးလေး ဖောင်းဖောင်း မွေးတာ ၁ လပြည့်ပြီဗျာ သမီးလေးကို ချောချောမွေ့မွေ့ ကောင်းမွန်စွာ မွေးဖွားသန့်စင်ပေးကြပါသော သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ရီရီနိုင်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်သိင်္ဂီဝင်းတို့နှင့်တကွ GRAND HANTHA INTERNATIONAL HOSPITAL မှ ဆရာဝန်များနှင့် ဆရာမများ၊ ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ " ဆိုကာ ရေးသားဖော်ပြထားပါတယ်။ ဖေဖေမေမေတို့လို ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သူထူးစံတို့ရဲ့ သမီးလေးကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်...။

သတင်း အရင်းအမြစ် Source - Thu Htoo San



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T