တစ်ချိန်က ဗီဒီယိုကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မေသက်ခိုင်က အရုပ်မလေးလိုချစ်စရာကောင်းပြီး အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်အားပေးမှုကို ရရှိထားတဲ့သူလေး ဖြစ်ပါတယ်။


မေသက်ခိုင်က အနုပညာအလုပ်တွေ အရင်လိုအများကြီးမလုပ် ဖြစ်ပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေက ယနေ့ထက်တိုင် အများအပြား ရှိနေဆဲပါပဲ။ လက်ရှိနိုင်ငံခြားမှာ အခြေချနေထိုင်နေတဲ့ မေသက်ခိုင်က အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဖော်ပြထားလေ့မရှိပါဘူး။



ဒါပေ့မယ့် ဒီနေ့မှာတော့ မေသက်ခိုင်က သူမချစ်ရတဲ့သူနဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်းကို သူမရဲ့ လူမှုကွန်ယက်ထက်ကနေ married ဆိုပြီးသူမရဲ့ ချစ်သူကို Tag တွဲပြီး ပရိသတ်တွေကို အသိပေးလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက မင်းသမီးမေသက်ခိုင်ကို နှမျောနေကြပြီး ဂုဏ်ယူကြောင်းလည်း တချိုတွေကပြောပြထားတာဖြစ်ပါတယ်။


Photo Credit & Source : May Thet Khine's Fb Acc





