အာရှရဲ့ စင်မြင့်ထက်ကိုရောက်ဖို့ ကြိုးစားနေတဲ့ ကရင်တိုင်းရင်းသူလေး မာသာထူးဝါးကို ပရိသတ်တွေ သိကြမှာပါ။ မာသာထူးဝါး တို့မိသားစုလေးဟာ တောင်ကိုရီးယား နိုင်ငံမှာ ဒုက္ခသည်အဖြစ်နေထိုင်နေတာ ဖြစ်ပါတယ်။ ဂီတကိုချစ်မြတ်နိုးတဲ့ မာသာလေးဟာ တောင်ကိုရီးယား အဆိုပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တဲ့အပြင် အခမ်းအနားပွဲကြီးတွေမှာ သီချင်းသီဆိုပေးဖို့ ဖိတ်ခေါ်ခံရတဲ့သူလေးပဲ ဖြစ်ပါတယ်။


ဒါပေမယ့် မာသာထူးဝါး ရဲ့ မိခင် မိုင်ဟာ အသည်း ကင်ဆာရောဂါဝေသနာကို ခံစားနေရတာ ဖြစ်ပါတယ်။ မလွယ်ကူလှတဲ့ single mom - working mom ဘဝနဲ့ အခက်အခဲတွေကို အပြုံးမပျက်ဘဲ သမီးလေး နော်မာသာထူးဝါးကိုလည်း အဆိုတော် ဖြစ်အောင် ပျိုးထောင်ခဲ့ပါတယ်။ ယခုဆိုရင် ခက်ခဲတဲ့အခြေအနေမှာ မာသာထူးဝါးရဲ့ မိခင်ဟာ ကင်ဆာရောဂါ အဆင့် ၄ ထိရောက်ရှိပြီး အသက်ဘေးကို ရင်ဆိုင် တွန်းလှန်နေရတယ်လို့ သိရပါတယ်။


လက်ရှိမှာတော့ ဆေးလည်းစား၊ အနားလည်းယူရင်း အစာပျော့ လေးတွေနှင့် သစ်သီးတွေ ကျိတ်ပြီး အသက်ဆက် နေပါတယ်။ လစဉ်အိမ်ငှါးခ၊ ကလေး ၃ ယောက်ရဲ့စားဝတ်နေရေးစရိတ်၊ အခြေခံကျူရှင်စရိတ်၊ မမိုင်ရဲ့ဆေးဖိုးဝါးခနှင့် သီးသန့်အစားအစာစရိတ်၊ သွားလာစရိတ်၊ သဘာဝ တိုင်းရင်းဆေးနှင့် ကင်ဆာကုတဲ့ နေရာတစ်ခုမှာ ၁ လခန့် အနားယူနိုင်ဖို့ မိတ်ဆွေအများရဲ့ ပံ့ပိုးမှုလိုအပ်နေကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။ ညီမလေးမာသာ ရဲ့မိခင် မိုင် အတွက် ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့
Bank: Shin Han bank 신한은행
Account: 110442609387
Name: NAW EH KA BAW HTOO ကနေ လှူဒါန်းနိုင်လို့ရကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - Original Upload / မေရီနွမ် - ကိုးရီးယား





