ကိုယ်လုံးလှလှလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မင်းသမီး မေပန်းချီကို အားလုံးပဲ သိကြမယ်လို့ထင်ပါတယ်။

အရင်က ရုပ်ရှင်ဇာတ်လမ်းတွေအများကြီးရိုက်ခဲ့ပေမယ့် အခုနောက်ပိုင်း အနုပညာလုပ်ငန်းတွေရပ်တန့်ထားချိန်မှာတော့ Live Sale တွေရောင်းပြီး စီးပွားရှာနေသူတစ်ဦးပါ။ သူမနဲ့အတူတူ တွဲလုပ်တဲ့ လုပ်ငန်းတွေကလည်း အောင်မြင်ကြပြီးသူမကို ချစ်ခင်တဲ့ပရိတ်သတ်က ပိုလို့များလာခဲ့ပါတယ်။

အရင်ကဇာတ်ပို့ဇာတ်ရန်နေရာမှာ လူသိပ်မသိသေးပေမယ့် အခုလို Live Sale ရောင်းတဲ့အချိန်မှာတော့သူမရဲ့ ဈေးဝယ်သူများအပေါ် ဆက်ဆံတဲ့ပုံစံ၊ စကားပြောပုံနဲ့ လုပ်ငန်းလုပ်ပုံတွေဟာ ယဉ်ကျေးပျူငှာတာကြောင့် ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုပြီးရရှိလာတာဖြစ်ပါတယ်။

အခုလည်းယောက်ျားလေးတစ်ယောက်လို အင်္ကျီအကွက်နဲ့ ပုဆိုးဝတ်ဆင်ပြီး ဆံပင်အတိုနဲ့ရိုက်ထားတဲ့ပုံကို တင်ထားခဲ့ပါတယ်။

မိန်းမပုံတင်မဟုတ်ပဲယောက်ျားလေးပုံနဲ့ပါမိုက်နေတဲ့ မေပန်းချီကိုသူ့ပရိတ်သတ်တွေကတော့ ချစ်လို့မဆုံးဖြစ်နေကြတော့တာပါပဲနော်...

Source from MayPache Facebook
Photo credit from Facebook





