တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ Son Ye-jin က ယနေ့အချိန်ထိကို အောင်မြင်ကျော်ကြားနေဆဲ ဖြစ်တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အရင်က "Nation's first love" ဆိုတဲ့ ခေါင်းစဉ်နဲ့ K-dramas များတွေကနေတစ်ဆင့် Korean Wave တောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ အနှစ် 20 ကျော်ကြာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ Son Ye-jin ကျော်ကြားမှုရဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲ ...?

အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူမရဲ့ career ရွေးချယ်မှုက မှန်ကန်ခဲ့တယ်။ Son Ye-jin က သူမရဲ့ အလုပ်အပေါ်မှာ သစ္စာရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းမှာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင် လုပ်တဲ့သူလည်းဖြစ်ပါတယ်။ Portal site ရဲ့ ထုတ်ပြန်ချက်အရ သူမက ၂၀၀၁ ခုနှစ်မှာ “Delicious Proposal” ဒရာမာဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်ခဲ့ပြီး 2015၊ 2017 နဲ့ 2021 တို့ကလွဲပြီး နှစ်စဉ်နှစ်တိုင်း ပရိသတ်နဲ့ အဆက်မပျက်အောင် နေတဲ့သူလေးလည်းဖြစ်ပါတယ်။

“Lover's Concerto” နဲ့ “The Classic” ဒရမ်မာတွေမှာ သူမသရုပ်ဆောင်မှုကို ကြည့်ရှုပြီးနောက်မှာ ပရိသတ်တွေရဲ့ နှလုံးသားတွေ တုန်လှုပ်သွားခဲ့ရပါတယ်။ “The Pirates” မှာ သူမက အက်ရှင် Character ကို ပြသခဲ့ပြီး “Open City” မှာ ခါးပိုက်နှိုက်တစ်ဦးအဖြစ် လူတိုင်းကို ဒေါသထွက်စေခဲ့ပါတယ်။ tvN ဒရာမာ “Crash Landing on You” ဇာတ်ကားမှာ Son Ye-jin က ကုမ္ပဏီ အမွေဆက်ခံသူ Yoon Se-ri အဖြစ် သရုပ်ဆောင် ထားပါတယ်။ Felix Patrol အရ သူမနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ JTBC ဒရာမာ “Thirty, Nine” ကလည်း Netflix ရဲ့ ထိပ်တန်း တီဗီအစီအစဉ်မှာ Top 10 နေရာကနေ ရပ်တည်ခဲ့ပါတယ်။


“Crash Landing on You” စီးရီးကလည်း သူမရဲ့ တစ်သက်တာ လက်တွဲဖော်နဲ့တွေ့ဆုံဖို့ ကူညီပေးခဲ့တဲ့ စီးရီးလေး ဖြစ်တာကြောင့် အလွန်အဓိပ္ပာယ် ရှိလှပါတယ်။

Son Ye-jin နဲ့ Hyun Bin တို့စုံတွဲလေးက တောင်ကိုရီးယားမှာ တောမီးလောင်တုန်းကလည်း အလှူငွေ ဝမ်သန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ Hope Bridge National Disaster Relief Association က မတ်လ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ သူမချစ်သူနဲ့အတူ လိုအပ်နေတဲ့သူတွေကို ကူညီပေးဖို့ ဆန္ဒရှိတဲ့ Son Ye-jin ကို လူအများက ကျေးဇူးတင်နေကြပါတယ်။

တွဲဖက်သရုပ်ဆောင်တွေကလည်း Son Ye-jin ကို လေးလေးနက်နက် ချစ်ခင်မြတ်နိုးကြောင်း ဖော်ပြခဲ့ပါတယ်။ “Serve the People” ရုပ်ရှင်မပြသမီ အင်တာဗျူးတစ်ခုမှာ Yeon Woo-jin က “ကျွန်တော်က မင်းသမီး Son Ye-jin ကို အရမ်းကြိုက်ပါတယ်” လို့ ပြောကြားပြီး “သူ့မနဲ့ ဒုတိယမြောက် တူတူတွဲ သရုပ်ဆောင်မှုကို မျှော်လင့်နေပါတယ်။ ” Kyung-ri ကလည်း YouTube ရဲ့ “Deokjil Interview” မှာ သူရဲ့ Idol အဖြစ် Son Ye-jin ကို ရွေးချယ်ခဲ့ပါတယ်။

Son Ye-jin နဲ့ ပတ်သက်ပြီး သရုပ်ဆောင်မှုတွေ၊ ဖက်ရှင်တွေ အပေါ် လူအများက စိတ်ဝင်စားကြပြီး အားလုံးက ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။ မတ်လ ၆ ရက်နေ့က Korea Corporate Reputation Research Institute ရဲ့ ထုတ်ပြန်ချက်အရ Son Ye-jin က Drama မင်းသမီးအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။
Photo Credit & Source : KbiZoom