အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့တဲ့ ညီမလေးအတွက် ဝမ်းသာဂုဏ်ယူပြီး ပီတိဖြစ်နေရတဲ့ ဘီလီလမင်းအေး

//s9.kh1.co/93/9304224b31d2ea8de7278ef9d9f73df7044171c5.jpg
အနုပညာရှင်များ

 ၂၉-ပြီ-၂၀၂၂ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး ဘီလီလမင်းအေးဟာ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းလာခဲ့ပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ Myanmar Idol အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိသတ်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိခဲ့တာ ဖြစ်ပါတယ်။ သီချင်းလည်း အဆိုကောင်မွန်သလို ဘီလီဟာ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သူလေးပဲ ဖြစ်ပါတယ်။

Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet

ဘီလီလမင်းအေးမှာလည်း သူမလို့ အရမ်းချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထား ပါတယ်။ ညီမလေးကိုလည်း အစ်မကြီးတစ်ယောက်ပီသ ဘီလီဟာ လိုလေသေးမရှိအောင် အမြဲဂရုစိုက်ပေးတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ဘီလီလမင်းအေးက ပရိသတ်တွေအတွက် ကြည်နူးစရာလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet

ဒါကတော့ ချစ်ရညီမလေး ကြိုးစားထားတဲ့ အရာလေးကနေ အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့တာကြောင့် ဂုဏ်ယူပြီး ဖော်ပြလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီလီလမင်းအေး​က "Congratulations ညီမလေးရေ...ကျေးဇူးတော်ကြောင့် ညီမလေးအတွက်အမြဲတမ်းလိုအပ်မှုတွေတိုင်း ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက်ဝမ်းသာရသလို ညီမလေးရဲ့အောင်မြင်မှုတွေကိုမြင်ရတိုင်း အမတစ်ယောက်အနေနဲ့ဘေးကနေ ပီတိတွေနဲ့ပေါ့ညီမလေးရေ ညီမလေးအတွက် မိသားစုအတွက် ဆက်ကြိုးစားဦးမယ်နော်...အရမ်းချစ်တယ်နော်...Love You " ဆိုပြီး ပီတိအပြုံးတွေနဲ့ ရေးသားဖွင့်ဟထားတာ တွေ့ရပါတယ်။ အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့တဲ့ ဘီလီလမင်းအေးရဲ့ ညီမလေးကို ဂုဏ်ပြုပေးလိုက်ပါဦးနော်...။

Photo Credit - Sai Kaung Htet
Photo Credit - Sai Kaung Htet

သတင်း အရင်းအမြစ် Source - Billy La Min Aye fb page '

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T