ငယ်ငယ်က ကြည့်ခဲ့ရတဲ့ စပိုက်ဒါမန်း ဇာတ်ကားထဲမှာ စပိုက်ဒါမန်းအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခြားသော ဇာတ်ကားပေါင်းများစွာမှာလည်း ပီပြင်ပိုင်နိုင်လွန်းစွာ သရုပ်ဆောင်တတ်မှုကြောင့် ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိလာခဲ့သူကတော့ မင်းသားကြီး Tobey Maguire ပါပဲ။


Tobey Maguire ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အပြင် တည်ငြိမ်လွန်းတဲ့ သူ့ရဲ့ ဟန်ပန် အမူအရာကြောင့် ပရိတ်သတ်တွေက ပိုလို့အသည်းစွဲဖြစ်ရပါတယ်။


ဇာတ်ကောင်ကာရိုက်တာတိုင်းကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ Tobey ဟာ သိပ်မကြာခင်ရိုက်ကူးတော့မယ့် ချာလီချက်ပလင်ဇာတ်ကောင်အနေနဲ့ Babylon ဆိုတဲ့ ဇာတ်ကားသစ်ကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ "La La Land" ရုပ်ရှင်နဲ့ youngest best director အဖြစ် Oscar ဆုရရှိခဲ့တဲ့ Director Damien Chazelle က ရိုက်ကူးသွားမယ်လို့သိရပါတယ်။

