ချစ်စရာကောင်းတဲ့ MRTV4 မင်းသမီးလေး သံသာညီကို အားလုံးပဲသိကြမယ်လို့ထင်ပါတယ်။

အရင်က ခပ်အေးအေးဇာတ်ရုတ်လေးတွေကိုပဲ သရုပ်ဆောင်ခဲ့ဖူးတဲ့သူမဟာ ဒီတစ်ခါပြသနေတဲ့ သရဖူဆိုတဲ့ ဇာတ်လမ်းထဲလေးမှာတော့ ရိုစီဆိုတဲ့နေရာကနေ မာနကြီးတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ။

သူမရဲ့ ရုပ်ရည်လေးနဲ့ ဆိုရင် ဒီလို အကြောမာတဲ့မိန်းကလေးအနေနဲ့ သရုပ်ဆောင်ဖို့ခက်တယ် လို့ ထင်ရပေမယ့် တကယ်မှာတော့ ရိုစီဆိုတဲ့ဇာတ်ရုပ်နဲ့ တကယ်ကို အံဝင်ခွင်ကြသူပါ။
အပြင်မှာ အနေအေးပြီးချစ်ဖို့ကောင်းသလောက်ဇာတ်လမ်းထဲမှာတော့အမြင်ကပ်စရာ ရိုစီကို မြင်ရမှာ ပါ။

အခုလည်း သူမရဲ့ wall ပေါ်မှာ ယောဂီဝတ်စုံလေးနဲ့ ဒီလိုလေးရေးထားခဲ့ပါတယ်

" ကောင်မလေးက အပြင်မာတော့မဆိုးပါဘူးနော်?

ဒီနေ့ပဲ ညောင်ဆယ်ပင် အဓိဌာန် ဒုတိယအကြိမ်အောင်မြင်ပြီး??"
ဆိုပြီးစနောက်ရေးသားခဲ့ပါတယ်။

ကဲ... မာနခဲ ရိုစီလေးကို ချစ်တဲ့ သူတွေရှိကြလား?
Source from Than Thar Nyi's Facebook
Photos credit from Facebook