နာမည်ကြီး BTS အဖွဲ့ဝင်တစ်ယောက်ကြောင့် ပရော်ဖက်ရှင်နယ်မိတ်ကပ်ပညာရှင်အဖြစ် မိန်းကလေးတစ်ယောက်ဟာ အလုပ်ကနေ ထွက်သွားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင်က တင်ထားတဲ့ ဗီဒီယိုကနေတစ်ဆင့် BTS ရဲ့ မိတ်ကပ်ပညာရှင်အဖြစ်ကနေ ဘာကြောင့်နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာကို ဖော်ပြခဲ့ပါတယ်။

Bangtan အဖွဲ့ဝင်အားလုံးဟာ အလွန်ရိုသေလေးစားကြပြီး အနုပညာရှင်များ ဖြစ်ကြပေမယ့်လည်း BTS အဖွဲ့ဝင် Jimin ဟာ အကြင်နာဆုံးနှင့် သဘောအကောင်းဆုံးဖြစ်တာကြောင့် သူမဟာ အလုပ်မှနုတ်ထွက်ပြီး ထိုနေရာတွင် အကြာကြီးမနေခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။

သူမရဲ့သူငယ်ချင်းတော်တော်များများက သူမကို မနာလိုကြပေမယ့် သူမမှာ သာမန်အကြောင်းပြချက်တစ်ခုရှိပြီး Jimin ကို ချစ်ရမှာကို ကြောက်နေတာကြောင့်ပါပဲ။ မိန်းကလေးက BTS မှာ ဆက်ပြီး အလုပ်လုပ်ရင် သူ့ရဲ့ ပင်ကိုယ်စရိုက်က ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းတာကြောင့် Idol ကို ချစ်မိသွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ARMY တော်တော်များများဟာလည်း သူမရဲ့ဆုံဖြတ်ချက်ကို သဘောတူခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း Jimin နဲ့အတူတူအကြာကြီး ရှိနေချိန် မချစ်မိအောင် နေဖို့က ခက်ခဲတယ်လို့ ၀န်ခံထားကြပါတယ်။

သတင်း အရင်းအမြစ်៖ Music Mundial