တစ်ခေတ်တစ်ခါက ရဲစိန် ၊ ညီဝင်းစိန် ဟူ၍ နာမည်ကျော်ကြားကာ မြန်မာ့ဇာတ်သဘင်ချစ်ပရိသတ်များနှစ်သက်ခဲ့ကြတဲ့ စိန်မဟာသဘင်ဇာတ်အဖွဲ့ကြီးရဲ့မင်းသား ၊ ဂရိတ်ဦးဖိုးစိန် ရဲ့မျိုးဆက်ဖြစ်သူ ဦးညီဝင်းစိန်ဟာ ဧပြီလ(၂၆) က်နေ့ ညနေပိုင်းက ကွယ်လွန်သွားကြောင်းသိရပါတယ်။

ဦးညီဝင်းစိန် ဟာ ကွယ်လွန်ချိန်မှာအသက်အသက် (၇၅) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ စိန်မဟာသဘင်မင်းသားကြီးဟာ ငယ်စဥ်အခါက အစ်ကိုဖြစ်သူ မင်းသားကြီးဦးရဲစိန်နှင့်အတူ ပါတော်မူ (သီပေါမင်းပါတော်မူခန်း ) အစရှိတဲ့ ထင်ရှားသော ဇာတ်ရုပ် များဖြင့်ပရိသတ်အသည်းစွဲဖြစ်ခဲ့ပါတယ်။

မြန်မာ့ဇာတ်သဘင်မင်းသားကြီး ညီဝင်းစိန် ( စိန်မဟာသဘင်) ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။
