တေးသံရှင် စိုင်းထီးဆိုင် နှင့် ဘိုဖြူ တို့ရဲ့တေးသီချင်းပေါင်းများစွာကို လှပစွာ ဖော်ကျူးပေးခဲ့သူလို့ လူသိများခဲ့တဲ့ အနုပညာရှင်ကတော့ တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ် ပါပဲ။

တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ် ဟာ စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်ပြီး ဆရာဟာ မြန်မာသီချင်းပေါင်း အပုဒ်(၆၀၀) ခန့် နှင့် ရှမ်းသီချင်းပေါင်း အပုဒ်(၆၀၀)ခန့် ကို ရေးစပ်သီကုံးခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဆရာစိုင်းခမ်းလိတ်ရဲ့ အသက်(၇၃)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဆရာတစ်ယောက် ဒီ့ထက်မက ပိုမိုကျန်းမာပြီး ကောင်းမွန်လှပတဲ့အနုပညာများဆက်လက်ဖန်တီးနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။











