Lee Kwang Soo ဆိုတဲ့ ကိုရီးယားသရုပ်ဆောင်မင်းသားကြီးကို အားလုံးသိကြမယ်လို့ထင်ပါတယ်။ နာမည် အရင်းထက် မြန်မာပရိတ်သတ်တွေလူသိများတဲ့နာမည်က ဂွမ်ဆူပါ။

အရပ်ရှည်ရှည်ကြီး နဲ့ ပြောင်စပ်စပ်သူ့မျက်နှာကြောင့် မြင်လိုက်ရသူတိုင်းက သူ့ကြောင့်ရယ်မောပျော်ရွှင်သွားတတ်ကြပါတယ်။ မင်းသားဆိုပေမယ့်လည်း သူ့ပုံစံကြီးကိုက ချစ်ဖို့ကောင်းပြီး အခွီဖြစ်နေတာမလို့ ဟာသ သရုပ်ဆောင်လို့တောင် သူ့သူငယ်ချင်း တွေရဲ့ ခေါ်ဝေါ်ခြင်းကို ခံခဲ့ရသူပါ။

သူ့ကို Korea ရဲ့ နာမည်ကြီးအစီစဉ်ဖြစ်တဲ့ Running Man Show မှာလူသိပိုများလာခဲ့ပြီး သူ့ပရိတ်သတ်တွေကလည်း နိုင်ငံတကာမှာ အများကြီးရှိလာခဲ့ပါတယ်။ သူ့ရဲ့ ရိုးသားတဲ့ပုံစံ၊ ဟန်ဆောင်မှုကင်းမဲ့ပြီး သဘာဝတိုင်းပဲမများပဲ ပြောတတ်နေတတ်တဲ့ပုံစံလေးတွေကြောင့်ပရိတ်သတ်တွေပိုချစ်လာခဲ့ကြတာပါ...

The Song of Your Heart ဆိုတဲ့ ကားလေးထဲမှာလည်း အရမ်းကို ရယ်ရအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အပြင် အလွဲတွေလုပ်တတ်တဲ့ ဇာတ်ရုပ်နဲ့လည်း တကယ်ကိုပီပြင်လွန်းခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ဂွမ်ဆူရဲ့ မှဲ့ကျောက်တင်လို့ရတဲ့ကားတစ်ကားဆိုလည်းမမှားပါဘူးနော်...

အဲ့ဒီကနေ စပြီးလွဲတတ်သွားသလား မသိပါဘူး ကိုဂွမ်ဆူတစ်ယောက်သူ့ချစ်သူရဲ့အသံကိုတောင် IU နဲ့မှားပြီးလွဲသွားပါသေးတယ်တဲ့နော်... ဖြစ်ပုံကဒီလိုပါ...

Amazing Saturday ရဲ့နောက်ဆုံးလွှင့်ခဲ့တဲ့ အပိုင်းမှာ ဂွမ်ဆူက သူ့ချစ်သူဖြစ်တဲ့ Lee Sun Bin ရဲ့ အသံကို မမှတ်မိနိုင်ခဲ့ပါဘူး။

The Killer's Shopping List Drama ရဲ့ သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဂွမ်ဆူနဲ့ AOA Seolhyun တို့က Amazing Saturday အစီစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ဒီအစီစဉ်မှာ သူတို့ကို သီချင်းတွေဖွင့်ပြပြီးခန့်မှန်းခိုင်းခဲ့ပါတယ်။
ဒီအချိန်မှာ ဂွမ်ဆူကို သူ့ချစ်သူ Lee Sun Bin ရဲ့သီချင်းကို ဖွင့်ပြခဲ့ပြီး အရိပ်အမြွတ်တွေ ပေးခဲ့ပေမယ့်လည်း လုံးဝမမှတ်မိခဲ့ပဲ IU Drama My Mister လို့ ယုံကြည်ချက်အပြည့်နဲ့ဖြေခဲ့ပါတယ်နော်...

ဒီအဖြေကြောင့် ပရိတ်သတ်အများစုရဲ့ ရယ်မောခြင်းကို ခံရပြီး ချစ်သူကောင်မလေးတော့ စိတ်ဆိုးတော့မှာပဲဆိုးပြီး အားလုံးဝိုင်းစနေကြပါတယ်နော်...
Source From Soompi
Photos credit from Google