မျက်နှာခွဲစိတ်မှုပြုလုပ်ပြီး ပြောင်းလဲသွားတဲ့ ပုံစံကြောင့် ဝေဖန်ခံခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Lee Da Hae

//s9.kh1.co/85/855bae73b96091432cbcaed0ac59cd85a72be73b.jpg
အနုပညာရှင်များ

 ၂၆-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

မျက်နှာခွဲစိတ်မှုပြုလုပ်ပြီး ပြောင်းလဲသွားတဲ့ ပုံစံကြောင့် ဝေဖန်ခံခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Lee Da Hae

တောင်ကိုရီးယားအနုပညာလောကမှာ ပလတ်စတစ်ဆာဂျရီနဲ့ မျက်နှာခွဲစိတ်မှု ပြုလုပ်တာက ပြုလုပ်နေကြ ပုံမှန်အရာတစ်ခုဖြစ်ပါတယ်။ တောင်ကိုရီးယား အနုပညာရှင် အများစုနဲ့ အိုင်ဒေါလ် အများစုလည်း မျက်နှာခွဲစိတ်မှု ပြုလုပ်ပြီး အောင်မြင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားမင်းသမီး Lee Da Hae  လောက် မျက်နှာခွဲစိတ်မှုနဲ့ ပတ်သတ်ပြီး အပြောခံရတဲ့ သူမရှိပါဘူး။

Google
Google

၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Lee Da Hae ဟာ ၂၀၀၁ ခုနှစ်မှာ Chunghyang အလှမယ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက သူမက မေးရိုးကားကား ၊ မျက်နှာ ကြီးကြီး ပုံစံဖြစ်ပါတယ်။ အလှမယ် တစ်ယောက်ရဲ့ စံနှုန်း သတ်မှတ်ချက်တွေ အတိုင်းဆိုရင် Lee Da Hae က စည်းကမ်း သတ်မှတ်ချက်နဲ့  လုံးဝ မကိုက်ညီပါဘူး။ ဒါကြောင့် လူတွေက သူမကို ရုပ်ဆိုးတဲ့သူဆိုပြီး ဝိုင်းဝန်းလှောင်ပြောင်တဲ့ အထိကို ဖြစ်ခဲ့ဖူးပါတယ်။

Google
Google

နောက်ပိုင်းမှာတော့ Lee Da Hae က ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ သူမဲ့ မျက်လုံးတွေကို ပိုကြီးအောင်လုပ်ပြီး နှာခေါင်းတွေကို ပိုပြီးမြှင့်ခဲ့ကာ မေးရိုးတွေကိုလည်း ပိုကျဉ်းအောင် လုပ်ခဲ့တယ်လို့ သိရပါတယ် ။ လိုအပ်ချက်တွေကို ဖြည့်ပြီးတဲ့နောက်မှာ Lee Da Hae က ပိုပြီးအောင်မြင်လာပြီး အရေးပါတဲ့ ပရောဂျက်တွေ အားလုံးကို ရရှိခဲ့ပါတယ်။ မြန်မာပြည်မှာလည်း ချစ်စရာမျက်နှာလေးနဲ့ ချိုဝမ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။

Google
Google

အရမ်းအောင်မြင်မှု ရရှိနေချိန်မှာ သူမရဲ့နောက်ကွယ်က အရိပ်မဲကြီးက ပေါ်ပေါက်လာခဲ့ပါတယ်။ Lee Da Hae က မျက်နှာခွဲစိတ်မှုလုပ်ပြီး အောင်မြင်လာခဲ့တာဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ သူမ ခွဲစိတ်မှု မပြုလုပ်ခင်က ဓာတ်ပုံတွေလည်း ထွက်ရှိလာခဲ့ပါတယ်။

Google
Google

သတင်းစတင် ဖြန့်ခဲ့သူ ၄ ယောက်ကို ထောင်ချနိုင်ခဲ့ပေမယ့် Lee Da Hae ရဲ့ ပုံရိပ်ကတော့ အရိပ်မဲကြီးဖြစ်သွားခဲ့ပါတယ်။

Google
Google
Google
Google
Google
Google

Lee Da Hae မျက်နှာခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ အရိပ်မဲကြီးကို ဖျောက်ဖျက် နိုင်ခဲ့တာကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Se7en နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

Google
Google

ချစ်ခြင်းတရားက အရာအားလုံးကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ အတိုင်း Lee Da Hae တစ်ယောက် အခုအချိန်မှာတော့ အဆိုးရွားဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့သွားပါပြီ။ သူမကို သဲသဲလှုပ်ချစ်ပေးပြီး ဂရုစိုက်ပေးမယ့် ကောင်လေးလည်း ရှိတာကြောင့် Lee Da Hae တစ်ယောက် အရင်ကလောက် နာမည်မကြီးတော့ပေမယ့် ပျော်ရွှင်နေရပါပြီ။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T