မိခင်ဖြစ်သူရဲ့ မွေးနေ့ကို Surprise လုပ်ပေးဖို့ ထိုင်းနိုင်ငံကို တိတ်တဆိတ် ပြန်လာခဲ့တဲ့ Lisa

//s9.kh1.co/60/6060b96c4cd8a3e7293409626a79f9da9a68b551.png
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

Lisa က ထိုင်းကို Private Jet နဲ့ကို သွားခဲ့တာ ....

Blackpink အဖွဲဝင် တစ်ယောက်ဖြစ်တဲ့ Lisa က သူမရဲ့ (၂၅) နှစ်မြောက် မွေးနေ့လေးကို မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြန်ပြီး မိသားစု သူငယ်ချင်းတွေနဲ့ ကျင်းပခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=775,q=100/20/20b33e956069c9d1a60df395577dd8dec62115ac.png

မတ်လထဲမှာပဲ ထိုင်းကနေ ကိုရီးယားကို ပြန်ရောက်နေကြောင်းကို Cherry အပင်လေးတွေ အောက်မှာ ရိုက်ထားတဲ့ ပုံလေးတွေကို Instagram မှာ တင်ပြီး ပရိသတ်ကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=620,h=775,q=100/b6/b62e0aba2a3c241d2b38e484e66f0b20681309f5.png

ဒါပေမယ့်လည်း ပရိသတ်တွေ အံ့အားသင့်သွားတဲ့ အရာတစ်ခုကတော့ Lisa က သူမရဲ့ မိခင်မွေးနေ့အတွက် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=620,h=517,q=100/79/79895fadd52f2117412efa19f23cd64b5cbf39fb.png

Lisa က သူမရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူ မိခင်ရဲ့ မွေးနေ့ပါတီမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံဟာ မကြာသေးခင်ကပဲ အင်တာနက်ပေါ်မှာ ပျံ့နှံသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=774,q=100/40/4019c7ea5762b99f7c065103caebb882f7fe941c.png

မျက်နှာမှာ ဘာမှမလိမ်းခြယ်ပဲ အရိုးရှင်းဆုံးအ၀တ်အစားတွေကို ၀တ်ထားပေမယ့် အမြဲတမ်း ပြောင်မြောက်နေတဲ့Lisa ကတော့ အားလုံးရဲ့ ကြားမှာ ထင်းနေတာပဲ ဖြစ်ပါတယ်။ သူမချစ်ရတဲ့ မိသားစုအနားမှာ Idol ရဲ့ ပျော်ရွှင်တဲ့အမူအရာတွေကို မြင်တွေ့ရတာကြောင့် ပရိသတ်တွေက ဝမ်းသာနေကြပါတယ်။

https://s9.kh1.co/__image/w=620,h=775,q=100/35/35aad9d6b5ce8c402b6ac33b0dd27e463bdb8a17.png

Media တွေတောင် သတိမထားမိပဲ Lisa က ထိုင်းကို Private Jet နဲ့ ခဏ သွားခဲ့တာဖြစ်ပြီး အခုတော့ ကိုရီးယားကို ပြန်ရောက်နေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=1102,q=100/60/606f2eccc4a36b97210c3bdd627ea7104aa940ab.png
https://s9.kh1.co/__image/w=620,h=775,q=100/9e/9ee7a4cebd80bfd8eace3a76fd301bfcde1e75d2.png

Photo Credit & Source : kbizoom.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T