ပရိသတ်တွေ ချစ်ပြီး အားကျရတဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအတွဲလေး ဖြစ်တဲ့ ထိုင်းမင်းသား Mark Prin နဲ့ Kimmy တို့က ဧပြီလ (၂၁) ရက်နေ့ကပဲ Switzerland မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီပဲ ဖြစ်ပါတယ်။ ၈ နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ သူတို့အတွဲလေးက လက်ထပ်ခွင့်တောင်းဖို့ ကူညီပေးကြတဲ့ သူတွေကို ကျေးဇူးတင်စကားပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။


Kimmy က အခုချိန်ထိ အိမ်မက်တစ်ခုလို ခံစားရတုန်းပါပဲ။ ဒါပေမယ့် နင်တို့လို သူငယ်ချင်းတွေနဲ့အတူ အိပ်မက်တွေက တကယ့်လက်တွေ့မှာ ဖြစ်လာခဲ့ပါပြီ။ .Ahhh သူငယ်ချင်းတို့ .. နင်တို့ကို ဘယ်လောက်ထိ လေးလေးနက်နက် ကျေးဇူးတင်ပြီး ဘယ်လောက်ထိ ကံကောင်းတယ်ဆိုတဲ့ စကားတွေကို ငါမငိုဘဲနဲ့ ချရေးခဲ့ဖို့ အရမ်းခက်ခဲတယ်။ ဒီနေ့ကို ပိုထူးထူးခြားခြားဖြစ်အောင် စီစဉ်ပေးတဲ့အတွက် ..ကျေးဇူးအများကြီးတင်ပါတယ် ။


၃ နာရီလောက်ကြာအောင် ဥမင်လှိုဏ်ခေါင်းသေးသေးလေးမှာ ပုန်းအောင်းစောင့်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အားလည်း နာပါတယ်။ ??? ဟိုတယ်မှာ ကြိုတင် ဘိုကင်ယူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ?? Switzerland ကို တကူးတက လာရောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ?? နောက်ပြီး ငါတို့ရဲ့ အကောင်းဆုံး ဓာတ်ပုံဆရာ၊ ဗီဒီယိုဆရာ၊ ဒါရိုက်တာနဲ့ အကောင်းဆုံး အံ့အားသင့်စရာကောင်းတဲ့ အဖွဲဖြစ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဆွစ်ဇာလန်မှာ ရှိတဲ့နေ့တွေက မှော်ဆန်တဲ့ အခိုက်အတန့်တွေ နဲ့ ငါတို့ဘဝရဲ့ အပျော်ဆုံးနေ့တွေဘဲ.. ကျေးဇူးတင်ပါတယ် မလုံလောက်ဘူး ???? နောက်ပြီး မင်းတို့ကို အရမ်းချစ်တယ် @margie_rasri @pokmindset @kugimiyas @urassayas @itthi_

P’mark က လည်း " ကျွန်တော်ဘဝရဲ့ တစ်ဆစ်ချိုးမှာ ဒီလိုမျိုး ဖြစ်ပွါးခဲ့တယ် အဲ့ဒါက ကျွန်တော်နဲ့ ညီမ အတွက် အရေးကြီးတဲ့ အချိနိအခါလေးတစ်ခုပါ ကျွန်တော်တို့ကို ကူညီတဲ့အတွက်ရော နွေးထွေးကြင်နာမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ မိုးလင်းတဲ့ထိ ထိုင်စောင့်နေပေးခဲ့တဲ့ အတွက်ရော ကူညီပေးကြတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။

ဒီလို အရေးကြီးတဲ့နေ့မှာ အတူရှိနေပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားက မလုံလောက်ပါဘူး ဘဝရဲ့ အမှတ်တရနေ့လေးမှာ အတူရှိပေးကြတဲ့ မောင်နှစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ ဒီနေရာမှာ ကျွန်တော်တို့နဲ့အတူ အားပေးချီးမြှောက်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် @kugumiyas @urassayas @itthi_ " ဆိုပြီး ကျေးဇူးတင်ကြောင်း post လေး တင်ထားကြတာ ဖြစ်ပါတယ်။

Photo Credit & Source: p’mark and kimmy’s ig