တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ နာမည်ရခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည် ၊ အပြုအမူ နဲ့ ဟန်ပန်များ ကြောင့် နာမည်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ဆိုလာရင်တော့ မင်းသမီး မေသက်ခိုင် ကိုပဲ ဖော်ပြရမှာဖြစ်ပါတယ်။


ပရိတ်သတ်တွေတိုင်းက ချစ်ခင်အားပေးခဲ့ကြတဲ့ မင်းသမီး မေသက်ခိုင် ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး နိုင်ငံခြားမှာအခြေချနေထိုင်နေတာပဲဖြစ်ပါတယ်။


မင်းသမီး မေသက်ခိုင် ဟာ ယမန်နေ့ ဧပြီလ(၂၄)ရက်နေ့ ရုတ်တရက်ကွယ်လွန်သွားတဲ့ သရုပ်ဆောင် မိုင်းမိုင်အတွက်ဝမ်းနည်းရကြောင်းပြောပြလာတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင် မိုင်းမိုင်အတွက်လည်း အင်မတန်စိတ်မကောင်းဖြစ်ရပြီး ခရစ်တော်၌ ကောင်းစွာအိပ်စက်အနားယူနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။





