ချစ်ဇနီးချောလေးရဲ့ မွေးနေ့ရက်မြတ်လေးကို ဖွဲ့နွဲ့စာဆိုပြီး ချစ်စရာကောင်းအောင် တောင်းဆုပန်ပေးထားတဲ့ ပိုင်ဇေရဲထွန်း

//s9.kh1.co/25/257e4f90395e6a4faf8aeebc30486b3ef6ef1acd.jpg
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

.


မင်းသား ပိုင်ဇေရဲထွန်းကတော့ တစ်ခေတ်တစ်ခါက အနုပညာလောက နှုတ်ခမ်းနီမလေးတွေ အားပေးဝန်းရံခဲ့တဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထပ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာ ကြိုးကြိုးစားစားလုပ်ကိုင်လျက်ရှိတာ ဖြစ်ပါတယ်။ သာယာပျော်ရွှင်တဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာသားသမီးလေးတွေကလည်း တစ်ဖြည်းဖြည်း အရွယ်ရောက်လာတာ တွေ့ရပါတယ်။

Photo Credit – AMAZING GRACE
Photo Credit – AMAZING GRACE
Photo Credit – AMAZING GRACE
Photo Credit – AMAZING GRACE

ပိုင်ဇေရဲထွန်းဟာ ကလေးသုံးယောက် ဖခင်တစ်ဦးဖြစ်ပေမယ့် ယနေ့အချိန်ထိ တည်ကြည်ခန့်ညားပြီး နုပျိုချောမောနေတုန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီးချောလေး ဇင်သဲနိုင်ကလည်း ချောမောလှနေသလို အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ်ဂရုစိုက်ပေးတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ရဲ့ ပျော်ရွှင်စရာ မွေးနေ့ရက်မြတ်လေးကို ကျရောက်ခဲ့ပါတယ်။

Photo Credit – Paing Zay Ye Tun
Photo Credit – Paing Zay Ye Tun
Photo Credit – Paing Zay Ye Tun
Photo Credit – Paing Zay Ye Tun

မွေးနေ့ကျရောက်ခဲ့တဲ့ ချစ်ဇနီးလေးအတွက်လည်း ပိုင်ဇေရဲထွန်းက သူ့ရဲ့လူမှုကွန်ယက်မှာ ချစ်စရာကောင်းအောင် တောင်းဆုပန်ပေးထားတာ တွေ့ရပါတယ်။ ပိုင်ဇေရဲထွန်း ရဲ့ မွေးနေ့ဆုတောင်းလေးဟာ တယုတယနဲ့ ဖွဲ့နွဲ့စာဆိုထားတာကြောင့် ပရိသတ်တွေလည်း ချစ်ခင်အားကျစေမယ်လို့ မျှော်လင့်မိပါတယ်။ ချစ်တဲ့ပရိသတ်တွေကလည်း ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ရဲ့ ယနေကျရောက်ခဲ့မွေးနေ့ရက်မြတ်လေးကို ဆုတောင်းပေးလိုက်ပါဦးနော်...။

Photo Credit – Paing Zay Ye Tun
Photo Credit – Paing Zay Ye Tun

သတင်း အရင်းအမြစ် Source - Paing Zay Ye Tun


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T