Idiots အဖွဲဝင် တစ်ဦးဖြစ်တဲ့ အဆိုတော်ရေမွန် ကွယ်လွန်သွားတာ အခုဆိုရင် (၁၀)လ ပြည့်သွားခဲ့ပြီ ဖြစ်ပြီး အခုချိန်ထိကို ဘယ်သူမှ မယုံကြည်နိုင်သေးသလို ပရိသတ်တွေရော ခင်မင်ရသူတွေပါ မိသားစုနဲ့အတူ ဝမ်းနည်း ကြေကွဲ ဖြစ်ခဲ့ရပါတယ်။


ဒါ့အပြင် အရည်အချင်းရှိတဲ့ အဆိုတော်ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာပါ ။


အခုလည်း ရေမွန်ရဲ့ သူငယ်ချင်းဖြစ်သူ မေက ရေမွန်နဲ့ သီချင်းတူတူဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို ဖေ့ဘွတ်စာမျက်နှာလေးထက်မှာ ဝေမျှခဲ့ပါတယ် ။ "ညတွေဆိုလောင်ပြီ.. အခု မူးပြီး gallery ကို ပြန်ကြည့်တော့ ဒီ video ကိုတွေ့တယ်.. အဲ့နေ့က ကျမတို bar မှာ သွားသောက်ကြတယ်.. သွားသောက်တော့ ကျမတိုက သူ့ကို ဆေးထိုးပြီး သီချင်းဆိုခိုင်းတော့ ကျမကို သူကပြန်ဆေးထိုးပြီး သူနဲ့တွဲဆိုဖို ခေါ်တယ်.. ကျမ အားကြိုးမာန်တက် ရွီရှောင်ဆိုပြီးမှ..


Video ပြန်ကြည့်တော့ ကျမ ဆိုတဲ့မိုက်က ဟာမိုနီအတွက်ဆိုတော့ အသံက ဘာမှသိပ်မကြားရဘူး.. သူ့ရဲ့ အသံtone ကြီးကို ပိုလိုက်မမှီ.. အဲ့ကြောင့်ကျမ fb ပေါ်မတင်ခဲ့ဘူး.. အခုက အသံက အဓိကမဟုတ်ဘူး..,အမှတ်တရက အဓိကပါ.. ဒါကြောင့်တင်လိုက်တာပါ.. excuse my voice ပါ.." ဆိုပြီး သူရဲ့ ခံစားချက်လေးတွေကို ပါ ရေးသားဖော်ပြထားရာ သီချင်းလေးက အရမ်းနားထာင်ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit & Source : May's FB Acc