အကယ်ဒမီဆုရှင် အိန္ဒြာကျော်ဇင် ကတော့ အနုပညာလောကမှာ ဒီနေ့ဒီအချိန်ထိ ထိပ်ဆုံးမှာ ရပ်တည်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မအူဝဲက အခုအသက်အရွယ်အထိကို ဖက်ရှင်ဘုရင်မအဖြစ်အားလုံးက အသိအမှတ်ပြုခြင်း ခံရသလို နုပျိုလှပပြီး ချစ်စရာကောင်းနေတဲ့သူဆိုလည်း မမှားပါဘူး။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် မအူဝဲက နုဖက်နေပြီး ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။


ဒီနေ့ ဧပြီလ ၂၄ရက်နေ့ကတော့ အချစ်တော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေရက်လေးပဲ ဖြစ်ပါတယ်။ အူဝဲရဲ့မွေးနေ့လေးမှာ သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နှမများကလည်း မွေးနေ့ဆုမွန်တောင်းပေးထားကြပါတယ်။


သရုပ်ဆောင်ခိုင်သင်းကြည်ကလည်း သူရဲ့ Facebook Story ကနေ တစ်ဆင့် "Happy Birthday အူဝဲရေ ဒီနှစ်လေးကတော့ မိသားစု စုံစုံလင်လင်နဲ့ ကျန်းမာစွာပျော်ရွင်မှု့ တွေပြည့်နေတဲ့ မွေးနေ့လေးပေါ့ ထပ်တူပျော်ပါတယ်နော်" ဆိုပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းစကား ဆိုထားတာပဲ ဖြစ်ပါတယ်။




Source: Khine Thin Kyi's Fb Story