ထိုင်းနှစ်သစ်ကူးနေ့ Songkran (ဆုန်ကရန်) သင်္ကြန် ပွဲတော် 2022 ကို ကြိုဆိုတဲ့ အနေနဲ့ ထိုင်းနာမည်ကြီး အလှပဂေးလေးတွေက Mrs. Songkran အဖြစ် ရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်ကာ ကြိုဆိုပွဲလေးတွေ ပြုလုပ်ကြပါတယ်။



ဒီနှစ် 2022 အတွက် အပြင်အဆင်ကတော့ ပန်းသရဖူဆောင်းပြီး ဆင်စီးပြီး ကြွမြန်းလာတဲ့ အတိတ်သဘောဆောင်တဲ့ အပြင်အဆင်လေးပဲ ဖြစ်ပါတယ်။



ထိုင်းမင်းသမီးလေး Prang Kannarun ကလည်း အယုဒ္ဓယမြို့ Songkran (ဆုန်ကရန်) သင်္ကြန် ပွဲတော်မှာ ဆင်စီးပြီးပွဲထွက်ခဲ့ပါတယ်။ ကြိုဆိုပွဲမှာ ဝတ်စားဆင်ယင်မှု အပြည့်အစုံနဲ့ တက်ရောက်ခဲ့တဲ့ Kannarun ကတော့ လူပုံအလည်မှာ လှပလွန်းတဲ့ နတ်သမီးလေး တစ်ပါးလို တင့်တယ်နေတာ ဖြစ်ပါတယ်။



Songkran Festival အတွက် ပြင်ဆင်ထားတဲ့ အလှပဂေး Kannarun ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေး လိုက်ပါတယ်။







Photo Credit & Source : Chan Nyein Soe - Idea in Bangkok