
အခုနောက်ပိုင်း ကိုရီးယားSeries တွေတော်တော်များများကို ကြည့်လိုက်ရင် အိမ်ထောင်ရေးကားတော်တော်များများကို တွေ့ရပါတယ်... အိမ်ထောင်ရေး ဇာတ်လမ်းတွဲတွေများပေမယ့်လည်း တစ်ကားနဲ့တစ်ကား ရိုးအီသွားတာမျိုးမဖြစ်သလို ကားတိုင်းက သူ့ဇာတ်အိမ်နဲ့သူ ကြည့်ကောင်းနေတာချည်းပါပဲ...

လူကြိုုက်များတဲ့ ကိုရီးယားဇာတ်ကားတွေများကြီး ရှိပေမယ့် သူ့အရသာနဲ့သူ ကြည့်လို့ကောင်းတာမလို့ မြန်မာပရိတ်သတ်တွေအတွက်တော့ ရိုးအီတယ်ဆိုတာ မရှိသလောက်ပါပဲနော်...

အခုလည်း Drama Queenလို့သတ်မှတ်ထားကြတဲ့ မင်းသမီး လီယူရီ ရဲ့ The Witch is Alive ဆိုတဲ့ ဇာတ်ကားလေးဟာ မကြာခင် လွှင့်တော့မယ်လို့ သိရပါတယ်။

Tv Chosun ကနေရိုက်ကူးတဲ့ The Witch Is Alive ဇာတ်ကားကို May လ ၇ရက်နေ့ မှာထုတ်လွှင့်ပြသတော့မှာဖြစ်ပါပြီး အဓိကသရုပ်ဆောင်နေရာမှာတော့ လီယူရီလေးပဲဖြစ်ပါတယ်။

Second lead အနေနဲ့ကတော့Lee Min Young, Yoon So Yi, Jung Sang Hoon, Kim Young Jae, Ryu Yeon Seok တို့ပါဝင်ထားပါတယ်တဲ့...

ဇာတ်လမ်းကတော့ဖောက်ပြန်တဲ့ယောက်ျားတွေကို လှလှကြီး ကလဲ့စားချေတဲ့ကားမျိုးဖြစ်ပြီး မင်းသမီးတွေက ပရိတါသတ်အကြိုက်တွေချည်းမလို့ ကြည့်လို့ကောင်းနေဦးမှာပါ။
အပိုင်းကတော့ ပုံမှန်လိုပဲ 16ပိုင်းပါတဲ့နော်...
ကဲ ကြည့်ချင်နေကြပြီမလား?
Source from Lee Yuri Myanmar Fan





