အားလုံးရဲ့ အချစ်တော် ပြည်သူချစ်မင်းသမီးလေး မြနှင်းရည်လွင်ဟာဆိုရင် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ သူလေးဖြစ်ပါတယ်။သရုပ်ဆောင် မြနှင်းရည်လွင်ဟာဆိုရင် လှပကြော့မော့အောင် နေတတ်တဲ့ သူလေးဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်လှပနေတတ်တဲ့ သူလေးဖြစ်ပါတယ်။



လတ်တလောမှာတော့ မြနှင်းရည်လွင်က ထမင်းကြမ်းနဲ့ငါးပိရည်ကို စားပြီး တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲ ရှင်သန်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ ရိုးရှင်းတဲ့ အလှတရားလေးကတော့ ပျောက်ကွယ်သွားခြင်း မရှိပါဘူး။

မကြာသေးမီက ပြည်သူ့မင်းသမီးလေး မြနှင်းရည်လွင်က သူမရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာ စတိုရီလေးပေါ်မှာ သနပ်ခါး ပါးကွက်ကြားလေးနဲ့ ဓာတ်ပုံလေးကို ဝေမျှပေးလာခဲ့ပါတယ်။

ဓာတ်ပုံလေးထဲမှာ အသားရောင်ညိုညိုနဲ့ ဖွေးညက်နေတဲ့ ပါးကွက်လေးကို ပါးပေါ်တင်ထားတဲ့ မြနှင်းရည်လွင်ရဲ့ ရိုးရှင်းတဲ့ အလှတရားကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ မိတ်ကပ်မပါဘဲ နဲ့တောင် လှပနေတဲ့ မြနှင်းရည်လွင်ရဲ့ အလှတရားလေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။