ဟာသသရုပ်ဆောင် ခင်လှိုင် ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦး ဖြစ်တဲ့ သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်းသား နေရဲ ဟာလည်း အနုပညာခရီးလမ်းမှာ လျှောက်လှမ်းနေပြီး အတော်အသင့်အောင်မြင်မှုရရှိလာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

မင်းသား နေရဲ ဟာ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာမျိုးဆက်သစ် ပီသအောင်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်အားပေးမှုကို တဖြည်းဖြည်းနဲ့ ပိုမိုရရှိလာခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

မင်းသား နေရဲ မှာ ချစ်ခင်တန်ဖိုးထားရတဲ့ ချစ်သူရှိပြီး နေရဲ ဟာ သူ့ရဲ့ ချစ်သူလေးကို ဧပြီ(၁၇)ရက်နေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူလေးကလည်း Yes လို့ ဖြေပေးခဲ့ပြီး နေရဲ ကိုပိုင်ဆိုင်ခွင့်ရတာဟာ သူမဘဝမှာ ကံအကောင်းဆုံးပါပဲ လို့ဆိုလာပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့အတွဲလေး ရွှေလက်တွဲလို့ မြဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။






